Headlines News :
Home » » အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် နိုင်ငံရေး ပါတီများနှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံမည်

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် နိုင်ငံရေး ပါတီများနှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံမည်

Written By လွင့်မောင်မောင် on Thursday, November 14, 2013 | 5:26 PM

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် နိုင်ငံရေးပါတီများနှင့် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန(MPC)၌ နိုဝင်ဘာ ၁၄ ရက်(ယနေ့) တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီမှ ၅ နာရီထိ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကို MPC က ဖုန်းနဲ့တော့ ဖိတ်ထားပြီးပြီ။ ကျွန်တော်တို့ ပါတီက နှစ်ယောက်သွားမယ်။ MPC က ဖိတ်လို့ လာရောက်တယ် ဆိုတာရယ်၊ Ceasefire (အပစ်အခတ်ရပ်စဲရေး) ကိစ္စအတွက် လာတယ်လို့ပဲ ကျွန်တော်တို့ နားလည်ထားတယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
"နိုင်ငံရေး ပါတီတွေကော၊ Civil Society တွေကော ဖိတ်ထားတယ်လို့တော့ သိရတယ်။ ဘယ်နှယောက် ပါတယ်ဆိုတာတော့ ပြီးမှပဲ သိရမှာ"ဟု MPC တွေ့ဆုံ ဆွေးနွေးရေး ဒုတိယ ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း အဆိုပါ တွေ့ဆုံပွဲအတွက် ၎င်းတို့ပါတီကို ဖိတ်ကြားထားကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းထွန်းအေးနှင့် လူထုဆက်ဆံရေး ဌာနမှ ဦးစိုင်းအောင်သိန်းတို့ တက်ရောက်မည်ဟု အတည်ပြု ပြောကြားသည်။
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် အမေရိကန်နိုင်ငံ၏ ၄၂ ယောက်မြောက်နှင့် တတိယ အသက်အငယ်ဆုံး သမ္မတဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ သမ္မတသက်တမ်း နှစ်ဆက် တာဝန် ထမ်းဆောင်ခဲ့သည်။
လက်ရှိတွင် ဇနီးဖြစ်သူ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ သမီးဖြစ်သူ ချဲလ်ဆီး ကလင်တန်တို့နှင့်အတူ ကလင်တန် ဖောင်ဒေးရှင်းကို ထူထောင်ထားပြီး ဟီလာရီ ကလင်တန်နှင့် ချဲလ်ဆီး ကလင်တန်တို့ နှစ်ဦးစလုံးလည်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃  ခုနှစ်များတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိ အစိုးရ သက်တမ်းအတွင်း အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် လက်ရှိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
အစိုးရဘက်မှ ကြိုးပမ်းနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာပါက အသိသက်သေများအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်းများဖြစ်သည့် ဂျင်မီကာတာ၊ ဘီလ်ကလင်တန်နှင့် ၎င်း၏ ဇနီးဖြစ်သည့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ကိုလည်း ဖိတ်ကြားသွားမည်ဟု ၀န်ကြီး ဦးအောင်မင်းက ပြောကြားထားကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template