Headlines News :
Home » » ဆင်တက်မော် စခန်းက ဒုက္ခသည် ၄၀၀၀ ကျော်ကို ငှက်ချောင်းသို့ ရွှေ့

ဆင်တက်မော် စခန်းက ဒုက္ခသည် ၄၀၀၀ ကျော်ကို ငှက်ချောင်းသို့ ရွှေ့

Written By လွင့်မောင်မောင် on Monday, November 11, 2013 | 3:22 PM

 http://www.narinjara.com/burmese/wp-content/uploads/2013/11/myanmar_violence_myn108_32412397.jpg
ပြဿနာတွေ ဖြစ်ပွားပြီး လူသေမူတွေ ရှိခဲ့တဲ့ ပေါက်တောမြို့နယ် ဆင်တက်မော် စခန်းက ဒုက္ခသည်တွေကို စနေနေ့က စပြီး သူတို့ ယခင်နေထိုင်ရာ ငှက်ချောင်း ဒုက္ခသည် စခန်းကို ရွှေ့ပြောင်း ပေးနေရာမှာ ဒီကနေ့ နံနက် အချိန်ထိ လူပေါင်း ၄၀၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
စနေနေ့ ညနေ ၃ နာရီခန့်က စက်လှေ (၁၆) စီးနဲ့ အတူ ရဲတွေ အစောင့်အရှောက်ယူပြီး လိုက်လံ ပို့ဆောင်ရာမှာ ကျား (၃၅၀) နဲ့ မ ( ၃၆၀) ကို စတင်ပို့ဆောင်နိုင်ခဲ့တယ်လို့ ဒေသအတွင်းက အရာရှိ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နံနက်ထိ ပြောင်းရွှေ့ခံရတဲ့ မွတ်ဆလင် ဘင်္ဂလီ ဒုက္ခသည် အရေအတွက်ဟာ ၄၀၀၀ ကျော် ရှိသွားပြီလို့ သူက ဆိုပါတယ်။
ဆင်တက်မော် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဒီကနေ့ (တနင်္လာနေ့) နံနက်မှာလည်း ဒုက္ခသည်တွေကို ဆက်လက် ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ပြောကြားပါတယ်။
“ အခုလည်း ၁၀၀ နှီးပါးခန့်ကို ပို့ဆောင်ဖို့ စီစဉ်နေတယ်။ စာရင်းအတိအကျ သိချင်ရင်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးကိုသာ မေးပါလို့” သူက ပြောဆိုပါတယ်။
အခု ပြောင်းရွှေ့ခံရတဲ့သူတွေဟာ ယခင် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ နေထိုင်ခဲ့ကြသူတွေ ဖြစ်ပြီး ရခိုင်နဲ့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကို ၂၀၁၂ ခုနှစ်အောက်တိုဘာလ အတွင်းက မုန်တိုင်းဝင်တိုက်မှီ ဆင်တက်မော် ဒုက္ခသည် စခန်းကို မုန်တိုင်းဘေးက လွှတ်အောင် ခိုလုံလာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
များမကြာမီက ဆင်တက်မော် ဒုက္ခသည် စခန်းမှာ လူတွေ သေဆုံးရတဲ့ အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူ ဖြစ်စဉ်တွေမှာ အဓိက ပါဝင်ခဲ့သူတွေဟာ ငှက်ချောင်း ဒုက္ခသည် စခန်းက ပြောင်းရွှေ့လာသူ ဖြစ်ကြသလို ရခိုင်အမျိုးသမီးတွေကို ဓါးနဲ့ လိုက်ခုတ်သတ်တာဟာလည်း ငှက်ချောင်း ဒုက္ခသည် စခန်းက ပြောင်းရွှေ့လာသူ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းမှာ အာဏာပိုင်တွေက ငှက်ချောင်း ဒုက္ခသည် စခန်းက ၀င်ရောက်လာတဲ့သူတွေကို ဆင်တက်မော် စခန်းမှာ ဆက်မထားတော့ဘဲ သူတို့ကို ခုလို နေရပ်ရင်းကို ပြန်လည် ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
(နိရဉ္စရာ- ၁၁ နိုဝင်္ဘာ ၂၀၁၃)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template