sim cardငွေဖြည့်ကတ် ၀ယ်ယူအသုံးပြုသူတွေအနေနဲ့ ငွေဖြည့်သွင်းတဲ့ ကုတ်နံပါတ် ပေါ်လာအောင် ခဲ ခြစ်လိုက်တဲ့အခါ အောက်ခံခဲအလွှာပါ စုတ်ပြဲသွားပြီး နံပါတ် လုံးဝ မရှိတော့လို့ ငွေဖြည့်မရတော့တဲ့ ပြဿနာ ဖြစ်ကြောင်း ဆိုပါတယ်။
အဓိ က ပြဿနာကတော့ ကုတ်နံပါတ် ရိုက်နှိပ်ထားတဲ့ အောက်ခံ ခဲသားအလွှာ စွဲမနေဘဲ အပေါ်ယံ ခဲအလွှာကို ခြစ်လိုက်တာနဲ့ အားလုံး ပျက်စီး ကွာသွားတာမျိုး ဖြစ်ပါတယ်။
လောလောဆယ် ဆက်သွယ်ရေးဌာနဟာ အီလိုက်၊ တာမိုးညဲချမ်းသာ၊ ရတနာပုံ၊ အေးရှားမီဂါလင့်နဲ့ ဂလိုဘယ် တယ်လီဖုန်း စတဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုကို ကော်မရှင် ၆ ရာခိုင်နှုန်းပေးပြီး ငွေဖြည့်ကတ်တွေ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချခွင့်ပြုထားတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသောင်းတင်က နိုဝင်ဘာ ၁၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
by ဒီဗွီဘီ