Headlines News :
Home » » ကိုရီးယားသို့ သွားရောက်လုပ်ကိုင်ပြီး စာချုပ်မပြည့်မီ အလုပ်မှ ထွက်ပြေးခဲ့သည့် မြန်မာအလုပ်သမားများကို အလုပ်သမား ၀န်ကြီးဌာနက အရေးယူ

ကိုရီးယားသို့ သွားရောက်လုပ်ကိုင်ပြီး စာချုပ်မပြည့်မီ အလုပ်မှ ထွက်ပြေးခဲ့သည့် မြန်မာအလုပ်သမားများကို အလုပ်သမား ၀န်ကြီးဌာနက အရေးယူ

Written By လွင့်မောင်မောင် on Wednesday, November 13, 2013 | 11:37 AM


မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများကို တွေ့ရစဉ်
ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့ပြီး စာချုပ်သက်တမ်း မပြည့်မီ အလုပ်မှ ထွက်ပြေးခဲ့သည့် မြန်မာအလုပ်သမားများကို အရေးယူမှုများ ပြုလုပ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန လက်အောက်ရှိ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ EPS စနစ်ဖြင့် ကိုရီးယားသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး အလုပ်စာချုပ် သုံးနှစ်သက်တမ်း မပြည့်မီ လုပ်ငန်းခွင်မှ ထွက်ပြေးခြင်း၊ အလုပ်ရှင်၏ သဘောတူညီချက် မရဘဲ အလုပ်နေရာ ရွှေ့ပြောင်းခြင်းတို့ ပြုလုပ်ခဲ့သည့် မြန်မာအလုပ်သမား ၁၀ ဦးကို အရေးယူ ခဲ့ရကြောင်း သိရသည်။

"ဒီနှစ်အတွင်းမှာ အလုပ်ကနေ ထွက်ပြေးခဲ့တဲ့သူတွေ၊ စာချုပ်ချိုးဖောက်တယ်လို့ တရားဝင် သတင်းရတဲ့သူတွေ ရှိတယ်။ အဲဒီမှာ ဟုတ်မဟုတ်ကို သူတို့မိဘတွေဆီ ဆက်သွယ်စုံစမ်းပြီး တကယ်ကျူးလွန်တဲ့ သူတွေကို အရေးယူခဲ့တယ်။ နောက်ထပ် ထွက်ပြေးပြီး မသိရသေးတဲ့ သူတွေလည်း ရှိတယ်" ဟု အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က ဆိုသည်။

မြန်မာအလုပ်သမားများ အနေဖြင့် စာချုပ်သက်တမ်း မပြည့်မီ လုပ်ငန်းခွင်မှ ထွက်ပြေးခြင်း၊ စာချုပ်ချိုးဖောက်မှုများ များပြားလာပါက ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမား ခေါ်ယူမှု လျော့ကျလာပြီး နှစ်နိုင်ငံ အစိုးရချင်း လက်မှတ်ရေးထိုးထားသည့် အလုပ်သမား ခေါ်ယူမှုစာချုပ် MoU ထိခိုက်နိုင်ပြီး မြန်မာအလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းနိုင်ကြောင်း သိရသည်။

"အခုထိတော့ သူတို့ဘက်နေ အလုပ်သမား ခေါ်ယူမှု မြင့်တက်နေတုန်းပဲ။ ဒါပေမဲ့ ဒီလိုမျိုး ရှေ့ကသွားတဲ့ သူတွေက ခဏခဏ ထွက်ပြေးနေမယ် ဆိုရင်တော့ နောက်လူတွေအတွက် မကောင်းဘူး။ အလုပ်သမားတွေက ဒီလိုဖြစ်နေရင် သူတို့ဘက်ကလည်း မြန်မာအလုပ်သမားတွေကို ခေါ်တော့မှာ မဟုတ်ဘူး။ ကိုရီးယားနိုင်ငံမှာက တခြား ၁၅ နိုင်ငံက အလုပ်သမားတွေလည်း ရှိသေးတယ်" ဟု ယင်းက ဆက်လက်ပြောကြားသည်။

ကိုရီးယားသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်မှ ထွက်ပြေးမှု မလုပ်ရန် အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံ အာမခံကြေး သိန်း ၃၀ စာချုပ် ဆိုထားရပြီး လုပ်ငန်းခွင်မှ ထွက်ပြေးပါက အာမခံထားသူ မိဘ (သို့မဟုတ်) သက်ဆိုင်သူ တစ်ဦးဦးက ကျပ်သိန်း ၃၀ ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။



Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template