Headlines News :
Home » » လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကို ရုတ်သိမ်းတော့မယ့် ထိုင်းဝန်ကြီးချုပ်

လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကို ရုတ်သိမ်းတော့မယ့် ထိုင်းဝန်ကြီးချုပ်

Written By လွင့်မောင်မောင် on Sunday, November 10, 2013 | 5:17 PM

 
ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ဟာ အတိုက်အခံ ဆန့်ကျင်မှုတွေကို ဖြစ်ပေါ်စေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ကို လွှတ်တော် မဲခွဲမှုကလည်း

မထောက်ခံဘဲ  ကျန်နေသေးတဲ့ သက်တမ်း အတောအတွင်းမှာလည်း ထပ်ပြီး မဖော်ထုတ်ဖို့ ကျမ်းကြိမ် မယ်ဆိုရင်တော့ သူမအစိုးရဟာ  အဲ့ဒီဥပဒေမူကြမ်းကို ရုတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပြည်တွင်းအုပ်စုတွေ အတိုက်အခံတွေနဲ့ လုပ်ငန်းရှင်တွေက အပြင်းအထန် ကန့်ကွက် နေတာကြောင့် ဗုဒ္ဓဟူးနေ့က ချန်သဘူရီကိုသွားတဲ့သူမရဲ့ ခရီးစဉ်အတွင်း အခုလို ပြောကြား ခဲ့တာပါ။

လွှတ်တော် ဟာ အဆိုပါ ဥပဒေမူကြမ်းကို တနလာင်္နေ့ မှာ ပထမဆုံး ဆွေးနွေးဖို့ လုပ်ခဲ့ပေမယ့် သောကြာနေ့မှ ဆွေးနွေးဖို့ အချို့အစီရင်ခံစာတွေက တင်ပြခဲ့ပါတယ်။ သူမရဲ့အစိုးရဟာ အများထင်ထားသလို ပါလီမန်မှာ အမိန့်ချမှတ်တာမျိုး တရားဝင် ဖျက်သိမ်းတာမျိုးလုပ်မှာ မဟုတ်ကြောင်း ပြောကြားပါတယ်။ သူမဟာ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အစိုးရအိမ်တော်က သိနိုင်ဖို့ သူမရဲ့ နိုင်ငံတွင်းခရီးစဉ်ကို လည်းချုံ့ခဲ့ပါတယ်။

ဖြူထိုင်းပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်တွေဟာ ရင်လပ်ရဲ့ရပ်တည်မှု နဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို လွှတ်တော်က ဥပဒေမူကြမ်းကို ပယ်ချခဲ့ပါက ဖြူထိုင်းပါတီရဲ့ဘယ်ဝန်ကြီးချုပ်ကမှ ဥပဒေကို ပြန်သုံးသပ်ပေးဖို့ နဲ့ ပြန်တင်ဖို့လုပ်မှာ မဟုတ်ကြောင်းကိုလည်း ဖြူထိုင်းပါတီရဲ့ အထွေထွေအတွင်းရေးမှူး  Phumtham Wechayachi   ကပြောကြားသွားပါတယ်။ ဒီဥပဒေမူကြမ်းဟာ နိုင်ငံတော်ရဲ့ဥပဒေကို ချိုးဖောက်ခဲ့တဲ့  သက်ဆင်ရှင်နာဝပ် အတွက် အကျိုး ရှိစေမယ့်ဥပဒေလို့ ယုံကြည်နေတာကြောင့် ရင်လပ်နဲ့ ဖြူထိုင်းပါတီက အခုလိုကတိတွေပေးထားပေမယ့်နိုင်ငံတစ်ဝှမ်းမှာ ပြည်သူတွေက ဒီဥပဒေကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဆက်လက် လုပ်ဆောင်လျက် ရှိနေသေးကြောင်း သိရပါတယ်။

MRTV-4
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template