Headlines News :
Home » » လက်ပတောင်းဒေသ အင်ကြင်းတောင်သပိတ်စခန်း မှာဘာတွေဖြစ်နေသလဲ။

လက်ပတောင်းဒေသ အင်ကြင်းတောင်သပိတ်စခန်း မှာဘာတွေဖြစ်နေသလဲ။

Written By လွင့်မောင်မောင် on Thursday, November 14, 2013 | 7:03 PM


 Photo: Tar Aye
လေးလေးနက်နက်တွေးစေလိုပါတယ်။

လက်ပန်တောင်းတိုက်ပွဲ ကာလရှည်ကြာလာတာနဲ့ အမျှ ပြည်သူတွေရော ဂျာနယ်တွေသတင်းထောက်တွေကပါ ရိုးအီလာလို့မဖြစ်ပါဘူး။
ဒီကြားထဲ OICသတင်းတွေ၊ နောက် ဖယောင်းတိုင်သတင်းတွေ တက်နေတော့ လက်ပန်တောင်း ကို သတင်းအမှောင်ချ ၀င်စီးမှာကို စိုးရိမ်ရပါတယ်။
ပြည်သူတွေ နဲ့ နိုင်ငံရေးသမားတွေဖက်က ကူညီရမှာက လက်ပန်တောင်းကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုပါတယ်။
လက်ပန်တောင်းအရေးဟာ အမျိုးသားအေ၇းတွေထဲမှာပါတယ်။
စစ်ခရိုနီကျဆုံးမှသာ မြန်မာနိုင်ငံ သာယာဝပြောမယ်။
ဒါကြောင့် လက်ပန်တောင်းကိုတော့ လုံးဝပြစ်ပယ်ထားလို့မရပါဘူး။
ကာလကြာရှည်တိုက်နိုင်တဲ့ လက်ပန်တောင်းအရေးကို ပြည်သူတွေက ဂုဏ်ပြုတဲ့ အနေနဲ့ ၀ိုင်းဝန်းကြပါ။ လက်ပန်တောင်းပြည်သူတွေကို မမြင်ဖူး၊ မတွေ့ဖူးပေမဲ့ ကိုယ်ချင်းစာကြည့်ပါ။
သူတို့ လယ်တွေအသိမ်းခံလိုက်ရတာ သူတို့ ဘ၀တွေသေသွားတာပဲ။
ဘ၀သေတာထက်စာရင်အသက်သေတာက ခံသာတယ်ဆိုတာကို နားလည်သွားတဲ့ လက်ပန်တောင်းပြည်သူတွေ ဘ၀တွေ အသက်တွေပေးပြီးတိုက်ပွဲဝင်နေကြတာကို ကြိုဆိုလိုက်ကြပါ။ အစိုးရ သတင်းစာတွေနဲ့ အသံလွင့်ဌာနတွေက ပြည်သူတွေကို ဘယ်တုန်းက အမှန်သတင်းလွင့်ဖူးလို့လဲ။ သူတို့က ပြေလည်ပြီလို့ သတင်းလွင့်နေတယ်။ ပြေလည်ရင် လက်ပန်တောင်းက ဘာာဖြစ်လို့ သပိတ်စခန်းဖွင့်ရတာလဲ။
ငါတို့ရဲ့ သာသနိက အဆောက်အဦးကို ကုလားဖျက်မှ ကာကွယ်ကြမှာလား။ ငါနားလည်တာတစ်ခုက ငါတို့ဘာသာကို ကုလားမှမဟုတ်၊ တရုတ်ဖျက်ဖျက်၊ အစိုးရဖျက်ဖျက် ကာကွယ်ရမှာပဲ။ ပြည်သူတွေ အတွေးမပေါ့ကြပါနဲ့
 အင်ကြင်းတောင်သပိတ်စခန်း

Photo: ၁၄-၁၁-၂၀၁၃

      အင်ကြင်းတောင်သပိတ်စခန်းကိုသွားရင်တရွာလုံးကိုဖမ်းဆီးထောင်ချပြစ်မည်

စစ်ကိုင်းတိုင်းဒေသကြီးနယ်လုံဝန်ကြီးဗိုလ်မှုးကြီးကြည်နိုင်မှမိုးကြိုးပြင်ရွာသားများ
အားအင်ကြင်းတောင်သပိတ်စခန်းကိုသွားရင်တရွာလုံးကိုဖမ်းဆီးထောင်ချပြစ်မည်ဟု
ပြောကြားသည်၊၊ပုသိမ်မုံရွာလမ်းပိုင်းမိုးကြိုးပြင်(တောင်)ရွာရှေ့တွင်၁၂-၁၁-၂၀၁၃ရက်
နေ့ညနေ(၆)နာရီမှလုံထိန်းရဲတပ်ဖွဲ့များမှကင်းစခန်းဖွင့်တပ်စွဲ၍လက်ပန်တောင်း
တောင်ခြေဘက်သွားရာလမ်းများကိုပိတ်ဆို့ထားခြင်းဖြစ်သည်၊၊ဒေသခံလယ်သမားများမှ၁၃-၁၁-၂၀၁၃မနက်(၉)နာရီမှစတင်ဆန္ဒပြကန့်ကွက်နေကြ
ခြင်းဖြစ်သည်၊၊(၁)မတရားဖမ်းဆီးထားသူများကိုအမြန်ဆုံးပြန်လွတ်ပေးရန်(၂)မိမိတို့လယ်ယာမြေများ
စီလွတ်လပ်စွာသွားလာခွင့်ပေးရန်တို့ကိုတောင်းဆိုဆန္ဒပြနေသည်၊ယနေ့မနက်(၁၁)
နာရီတွင်စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီးကြည်နိုင်မှအင်ကြင်းတောင်သပိတ်စခန်းကိုသွား
မှာစိုးလို့လမ်းကိုပိတ်ထားရခြင်းဖြစ်ပြီး၊သပိတ်စခန်းကိုဖျက်သိမ်းပေးရန်ပြောပါသည်၊၊
မိုးကြိုးပြင်ရွာသားများမှမကျေနပ်ရင်သပိတ်စခန်းကိုသွား၍ဖမ်းဆီးဖျက်စီးပါ၊လမ်းများကိုပိတ်သည်ဆိုသည်မှာရန်စမှုသက်သက်ဖြစ်နေကြောင်းပြန်ပြောကြသည်၊၊
အင်ကြင်းတောင်သပိတ်စခန်းကိုရုတ်သိမ်းပေစေချင်ရင်စုံစမ်းရေးကော်မရှင်တင်ပြ
ချက်များအတိုင်းလယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်မှုမပြုလုပ်မ
ပေးမခြင်းစီမံကိန်းကိုမလုပ်ဆောင်သင့်ကြောင်းရွာသားများမှပြောကြားသည်ဆန္ဒပြ
မှုများဆက်လက်ဖြစ်ပေါ်နေချိန်တွင်တုံရွာရှေ့သို့ရဲကား(၆)စီးရောက်ရှိလာပြီး၊ရွာလုံခြုံ
ရေးကင်းသံချောင်းခေါက်သံများကြောင့်ပြန်လှည့်သွားကြသည်၊၊ရဲကားများကျောက်
ဖြူတိုင်ရွာကိုဝင်ရောက်သွားပြီးရွာသားများကိုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ရာရွာတွင်း
သံချောင်းခေါက်အချက်ပေးသည့်သူကျောက်ဖြူတိုင်ရွာသားကိုမျိုးသိန်းကိုဖမ်းဆီးသွား
သည်၊၊အိမ်များကိုလဲတအိမ်ဝင်တအိမ်ထွက်ရှာဖွေရေးများကိုရဲများပြုလုပ်နေသော
ကြောင့်ကျေးရွာသားများဆန္ဒပြနေသည်၊၊ဖောင်းကားတောင်ရွာမှကိုတင်ဝင်းအား
၁၂-၁၁-၂၀၁၃ရက်ညကလက်ပန်တောင်းအရေးလှုပ်ရှားမှုဖြင့်ဖမ်းဆီးထားပြီး၊မိုးကြိုး
ပြင်တောင်ရွာသားကိုသန်းမြင့်နှင့်ပါဆိုလျှင်လုံထိန်းများထောက်လှမ်းရေးများမှဒေသခံ
ပြည်သူ(၃)ဦးကိုဖမ်းဆီးထားပါသည်၊၊


စစ်ခရိုနီတို့လက်ပန်တောင်းလယ်သမားများအားနှိပ်စက်ဖမ်းဆီးနေခြင်းကိုကမ္ဘာမှသိပါစေ

၁၄-၁၁-၂၀၁၃
ညနေ(၃)နာရီဆက်သွယ်ရန်ဖုန်း၊ကိုဝင်းကျော်(၀၉၃၁၃၄၄၇၅၄)
                            ကိုဝင်းနွယ်(၀၉၄၇၆၀၂၆၁၂)
                             မခင်ပြုံး(၀၉၄၇၀၉၈၅၂၇)
အင်ကြင်းတောင်ဖုန်း၊ဥူးစန္ဒာသီရိ(၀၉၃၃၀၉၈၂၀၄)
                                ဥူးဝိမလ(၀၉၄၂၀၇၆၈၄၇၄)
ပုလဲ(NLD)အမတ်၊ဒေါ်ခင်စန်းလှိုင်(၀၉၈၆၃၂၉၆၆)
စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး၊ဗိုလ်မှုးကြီးကြည်နိုင်(၀၉၄၇၀၇၃၈၉၉)
အင်ကြင်းတောင်သပိတ်စခန်းကိုသွားရင်တရွာလုံးကိုဖမ်းဆီးထောင်ချပစ်မည်
စစ်ကိုင်းတိုင်းဒေသကြီးနယ်လုံဝန်ကြီးဗိုလ်မှုးကြီးကြည်နိုင်မှမိုးကြိုးပြင်ရွာသားများ
အားအင်ကြင်းတောင်သပိတ်စခန်းကိုသွားရင်တရွာလုံးကိုဖမ်းဆီးထောင်ချပစ်မည်ဟု
ပြောကြားသည်၊၊
ပုသိမ်မုံရွာလမ်းပိုင်းမိုးကြိုးပြင်(တောင်)ရွာရှေ့တွင်၁၂-၁၁-၂၀၁၃ရက်
နေ့ညနေ(၆)နာရီမှလုံထိန်းရဲတပ်ဖွဲ့များမှကင်းစခန်းဖွင့်တပ်စွဲ၍လက်ပန်တောင်း
တောင်ခြေဘက်သွားရာလမ်းများကိုပိတ်ဆို့ထားခြင်းဖြစ်သည်၊၊

ဒေသခံလယ်သမားများမှ၁၃-၁၁-၂၀၁၃မနက်(၉)နာရီမှစတင်ဆန္ဒပြကန့်ကွက်နေကြ
ခြင်းဖြစ်သည်၊
(၁)မတရားဖမ်းဆီးထားသူများကိုအမြန်ဆုံးပြန်လွတ်ပေးရန်။
(၂)မိမိတို့လယ်ယာမြေများဆီသို့လွတ်လပ်စွာသွားလာခွင့်ပေးရန်။
တို့ကိုတောင်းဆိုဆန္ဒပြနေသည်

ယနေ့မနက်(၁၁)နာရီတွင်စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီးကြည်နိုင်မှ
အင်ကြင်းတောင်သပိတ်စခန်းကိုသွားမှာစိုးလို့လမ်းကိုပိတ်ထားရခြင်းဖြစ်ပြီး၊
သပိတ်စခန်းကိုဖျက်သိမ်းပေးရန်ပြောပါသည်၊၊

မိုးကြိုးပြင်ရွာသားများမှမကျေနပ်ရင်သပိတ်စခန်းကိုသွား၍ဖမ်းဆီးဖျက်ဆီးပါ။
လမ်းများကိုပိတ်သည်ဆိုသည်မှာရန်စမှုသက်သက်ဖြစ်နေကြောင်းပြန်ပြောကြသည်၊၊

အင်ကြင်းတောင်သပိတ်စခန်းကိုရုတ်သိမ်းပေစေချင်ရင်စုံစမ်းရေးကော်မရှင်တင်ပြ
ချက်များအတိုင်းလယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်မှုမပြုလုပ်မ
ပေးမခြင်းစီမံကိန်းကိုမလုပ်ဆောင်သင့်ကြောင်းရွာသားများမှပြောကြားသည်။

ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်နေချိန်တွင်တုံရွာရှေ့သို့ရဲကား(၆)စီးရောက်ရှိလာပြီး၊ရွာလုံခြုံ
ရေးကင်းသံချောင်းခေါက်သံများကြောင့်ပြန်လှည့်သွားကြသည်၊၊ရဲကားများကျောက်
ဖြူတိုင်ရွာကိုဝင်ရောက်သွားပြီးရွာသားများကိုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ရာရွာတွင်း
သံချောင်းခေါက်အချက်ပေးသည့်သူကျောက်ဖြူတိုင်ရွာသားကိုမျိုးသိန်းကိုဖမ်းဆီးသွား
သည်၊၊

အိမ်များကိုလဲတအိမ်ဝင်တအိမ်ထွက်ရှာဖွေရေးများကိုရဲများပြုလုပ်နေသော
ကြောင့်ကျေးရွာသားများဆန္ဒပြနေသည်၊၊ဖောင်းကားတောင်ရွာမှကိုတင်ဝင်းအား
၁၂-၁၁-၂၀၁၃ရက်ညကလက်ပန်တောင်းအရေးလှုပ်ရှားမှုဖြင့်ဖမ်းဆီးထားပြီး၊မိုးကြိုး
ပြင်တောင်ရွာသားကိုသန်းမြင့်နှင့်ပါဆိုလျှင်လုံထိန်းများထောက်လှမ်းရေးများမှဒေသခံ
ပြည်သူ(၃)ဦးကိုဖမ်းဆီးထားပါသည်၊၊

စစ်ခရိုနီတို့လက်ပန်တောင်းလယ်သမားများအားနှိပ်စက်ဖမ်းဆီးနေခြင်းကိုကမ္ဘာမှသိပါစေ

၁၄-၁၁-၂၀၁၃
ညနေ(၃)နာရီဆက်သွယ်ရန်ဖုန်း၊ကိုဝင်းကျော်(၀၉၃၁၃၄၄၇၅၄)
ကိုဝင်းနွယ်(၀၉၄၇၆၀၂၆၁၂)
မခင်ပြုံး(၀၉၄၇၀၉၈၅၂၇)
အင်ကြင်းတောင်ဖုန်း၊ဥူးစန္ဒာသီရိ(၀၉၃၃၀၉၈၂၀၄)
ဥူးဝိမလ(၀၉၄၂၀၇၆၈၄၇၄)
ပုလဲ(NLD)အမတ်၊ဒေါ်ခင်စန်းလှိုင်(၀၉၈၆၃၂၉၆၆)
စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး၊ဗိုလ်မှုးကြီးကြည်နိုင်(၀၉၄၇၀၇၃၈၉၉)

သတင်းနှင့်ဓာတ်ပုံ- ကိုဟန်ဝင်းအောင်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template