Headlines News :
Home » » နိုင်ငံတော် ဘဏ္ဍာတွင် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်နှင့် နိုင်ငံခြားသုံးငွေ ၈ ဒသမ ၁၃ ဘီလျံခန့် ပိုင်ဆိုင်မှုရှိကြောင်း ဗဟိုဘဏ်မှ လွှတ်တော်သို့ လာရောက်ရှင်းလင်း

နိုင်ငံတော် ဘဏ္ဍာတွင် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်နှင့် နိုင်ငံခြားသုံးငွေ ၈ ဒသမ ၁၃ ဘီလျံခန့် ပိုင်ဆိုင်မှုရှိကြောင်း ဗဟိုဘဏ်မှ လွှတ်တော်သို့ လာရောက်ရှင်းလင်း

Written By လွင့်မောင်မောင် on Wednesday, November 13, 2013 | 11:51 AM


ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုင်ငံခြားသုံး သီးသန့်ငွေစာရင်းနှင့် ပတ်သက်၍ လွှတ်တော်၌ လာရောက်ရှင်းလင်းစဉ်
 

မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံး သီးသန့်ငွေစာရင်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက် စာရင်းများအရ နိုင်ငံတော်မှ ပိုင်ဆိုင်သည့် ရွှေပမာဏမှာ တန်ချိန် ၇ ဒသမ ၁၅၃၃ တန်ခန့်နှင့် နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှု ပမာဏမှာ စုစုပေါင်း ၈ ဒသမ ၁၃ ဘီလျံခန့်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံး သီးသန့်ငွေစာရင်းတွင် ရွှေစာရင်းနှင့် နိုင်ငံခြားသုံး ငွေစာရင်းဟူ၍ရှိပြီး ရွှေစာရင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထိန်းသိမ်းထားရှိပြီး နိုင်ငံခြားသုံး ငွေများကို ဗဟိုဘဏ်နှင့် နိုင်ငံပိုင် ဘဏ်များတွင် ငွေသားအဖြစ် လည်းကောင်း၊ ပြည်ပရှိ ၎င်းဘဏ်များ၏ အဆက်အသွယ် ဘဏ်များ၌ ဖွင့်လှစ်ထားသည့် ငွေစာရင်းများ၌ လည်းကောင်း ထိန်းသိမ်းထားရှိကြောင်းနှင့် နိုင်ငံခြားသုံး သီးသန့်ငွေ ပမာဏမှာ အချိန်ကာလအရ ပြောင်းလဲနိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

"ပြည်ပရှိ အဆက်အသွယ် ဘဏ်များမှာ ငွေစာရင်း ဖွင့်လှစ်ထားရှိ ရခြင်းက နိုင်ငံတော် အနေနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြား ကြွေးမြီရယူခြင်းနဲ့ ပေးဆပ်ခြင်းစတဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ပြည်ပနဲ့ ငွေပေးငွေယူ နေ့စဉ်ပြုလုပ်နေရတဲ့အတွက် ပေးချေလွယ်ကူ စေရန်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)မှ ဒေါက်တာဗညားအောင်မိုးက နိုင်ငံပိုင်ရွှေနှင့် နိုင်ငံခြားငွေနှင့် ပတ်သက်၍ ရှင်းလင်းရန် ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လာရောက်ဖြေရှင်းရန် ညွှန်ကြားစာ ပို့ခဲ့ပြီးနောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက လာရောက်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယင်းသို့တင်ပြခဲ့သည့် နိုင်ငံတော်၏ ရွှေစာရင်းလက်ကျန် (Gold Account) နှင့် နိုင်ငံခြားသုံးငွေ လက်ကျန်စာရင်း (Foreign Currency)တို့၏ အခြေအနေများအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း နာယကက ကြေညာခဲ့သည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template