Headlines News :
Home » » လျှပ်တစ်ပြက် Graffiti ည

လျှပ်တစ်ပြက် Graffiti ည

Written By လွင့်မောင်မောင် on Monday, November 11, 2013 | 6:28 PM



မမျှော်လင့်ဘဲ နာမည်ကျော်လူငယ်အနုပညာသမားတစ်ဦး၏ Graffiti ဖန်တီးမှုတစ်ခုကို ခုညနက်နက်မှာကြုံတွေ့ခံစားလိုက်ဖြစ်သည်။
သူကအမေရိကန်သမ္မတဘားရက်အိုဘားမားရုပ်ပုံGraffitiပန်းချီဖြင့်ကျော်ကြားခဲ့သည့်
အာကာကျော်ပဲဖြစ်သည်။
အာကာကျော်က လွန်ခဲ့သည့်တစ်ပတ်ခန့်ကတည်းကဇာတိထားဝယ်ကို အလည်ရောက်နေ
သည်။မကြာမီထားဝယ်တွင် ကျင်းပတော့မည့် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူပွဲအတွက် ရပ်ကွက်အလိုက် အပူဇော်ခံနေချိန်နှင့်လည်းတိုက်ဆိုင်နေသည်။မနက်ဖြန် အနောက်၊မြို့တွင်းရပ်ကွက်ကဘုရားပင့်ဆောင်စဉ်မှာဖျော်ဖြေရေးအနေဖြင့်အကဖောင်လည်းပါသည်မို့ ထိုအကဖောင်မှာ Graffiti အနုပညာဖြင့် အလှဆင်ရန်
ခုလို ညနက်နက်မှာ ရေးခြယ်ဖြစ်ခြင်းပဲဖြစ်သည်။အဓိက က Universal Music Band အတွက် မေတ္တာလက်ဆောင်ရေးဆွဲပေးခြင်းဖြစ်သည်။အာကာကျော်၏ Graffiti အနုပညာလက်ရာကိုနက်ဖြန်ညမှာတော့ထားဝယ်မြို့သူ၊မြို့သားတို့ခံစားခွင့်ရကြပါလိမ့်မည်။
Graffiti နှင့်ပတ်သက်၍ မည်သို့ပင် အယူအဆကွဲပြားစေကာမူ ထားဝယ်သားတစ်ယောက်၏အနုပညာတစ်ရပ်အပေါ်စူးနစ်စွာရူးသွပ်ခဲ့မှုအတွက်တော့ ထားဝယ်သားတစ်ယောက်အနေဖြင့်ခုလိုညကြီးမင်းကြီးမှာအနီးကပ်လေ့လာမှတ်တမ်းတင်ရင်း မိတ်ဆွေများအတွက် ဂုဏ်ယူစွာ ဝေမျှတင်ပြလိုက်ဖြစ်ပြန်ပါသည်။

(ကူညီခဲ့သူအားလုံးကို ကျေးဇူး........)

သတင်းနှင့်ဓာတ်ပုံ-ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template