Headlines News :
Home » » မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး ဆင့်ခေါ်

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး ဆင့်ခေါ်

Written By လွင့်မောင်မောင် on Wednesday, November 13, 2013 | 12:08 PM



ဟင်္သာနီ (မွန်မြေ)| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ရန် မွန်ပြည်သစ် ပါတီ၏ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးတစ်ရပ် ဆင့်ခေါ်ထားကြောင်း မွန်ပြည်သစ်ပါတီ(NMSP) ၏ မော်လမြိုင်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ နိုင်ကြီးစန်းက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောသည်။

၎င်းက “အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးပါ။ ဒီဘက် (ပြည်တွင်း)က ဗဟိုကော်မတီတွေကတော့ ဌာနချုပ် (ရေးချောင်းဖျားရှိ) ကို တက်သွားကြပါပြီ”ဟု ပြောသည်။

ယင်းအစည်းအဝေး ကျင်းပမည့်ရက်ကို အတိအကျ မသိရသေးသော်လည်း နိုဝင်ဘာ ၁၃ နှင့် ၁၅ ရက်နေ့ တို့တွင် ကျင်းပမည်ဟုလည်း ပါတီအတွင်း သတင်းများ ထွက်ပေါ်နေသည်။

ထိုသို့ နယ်စပ်အခြေစိုက် ဗဟိုကော်မတီများကလည်း ဌာနချုပ်သို့ တက်ရောက်သွားကြပြီဖြစ်ကြောင်း စံခလပူရီ ဆက်ဆံရေးရုံးမှတစ်ဆင့် သိရသည်။

စံခလပူရီ ဆက်ဆံရေးရုံးမှ အမည်မဖော်လိုသည့် မွန်ပြည်သစ်အရာရှိတစ်ဦးက “ဒီနေ့ (နိုဝင်ဘာ ၁၂) နံ နက်အစောကြီး ဒီကနေ ထွက်သွားကြတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီ လောက်မှာ ခရီးတစ်ဝက်လောက် ရောက်နေပြီလို့ သတင်းပို့လာတယ်။ ညနေလောက်ဆိုရင် ဌာနချုပ် ရောက်နိုင်မှာပါ”ဟု ပြောသည်။

နယ်စပ်မှသွားသည့် ဗဟိုကော်မတီများအဖွဲ့တွင် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ဦးဆောင် ၍ စံခလပူရီ ဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်)နှင့် အခြားဗဟိုကော်မတီဝင်များ ပါဝင်သည်။

ယင်းသို့ အစည်းအဝေးခေါ်ခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ်များမှ မြစ်ကြီးနားတွင် တင်ပြခဲ့သည့် အခန်း ၁၄ ခန်းပါ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် သဘောထားချမှတ်နိုင်ရန်အတွက် ဆွေးနွေးရန် ဖြစ်သည်။

အစိုးရဘက်မှ တင်ပြထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း) ပါ အချက်များအနက် စစ်တပ်အခန်းကဏ္ဍမှာ သဘောထားတင်းမာ၍ ထိုအခန်းအပေါ် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များမှ လက်ခံနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့၌ မဇ္ဈိမသတင်းဌာနမှ မွန် ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာအား သွားရောက် တွေ့ဆုံမေးမြန်းစဉ် ၎င်းက ပြောကြားသည်။

၎င်းက “အဓိကကတော့ စစ်တပ်ရဲ့အခန်းပါ။ စစ်တပ်ကို လုံးဝအထိမခံတဲ့ သဘောလိုမျိုး ဖြစ်နေပါတယ်။ ဒီအခန်းကဏ္ဍအတွက်တော့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်ခံနိုင်တဲ့ ပုံစံဖြစ် အောင်တော့ အတော်လေး ညှိနှိုင်းရဦးမယ်”ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို စုစည်း၍ လာမည့်ဒီဇင် ဘာလအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင်း၌ လိုင်ဇာကဲ့သို့ တိုင်းရင်း သား လက်နက်ကိုင်များအဖွဲ့၏ ဒုတိယအကြိမ် ထိပ်သီးတစ်ရပ်အား ကျင်းပရန် ရှိနေကြောင်းလည်း NM- SP အထွေထွေအတွင်းရေးမှူးနိုင်ဟံသာနှင့် KNU အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းတို့က မဇ္ဈိမ သတင်းဌာနကို ပြောကြားထားပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီ၌ ဗဟိုကော်မတီ ၃၂ ဦးရှိကာ အရန်ဗဟိုကော်မီတီဝင် ငါးဦး ရှိသည်။ ထိုအထဲမှ ပါတီ ဒု-ဥက္ကဋ္ဌ (၁) နိုင်ရော့စမှာ ယခုနှစ်အတွင်း ပြီးခဲ့သည့် ဇွန်လ၌ ကွန်လွန်သွားခဲ့ကာ ၃၁ ဦး ကျန်ရှိမည် ဖြစ် ပါသည်။ ပုံမှန်အားဖြင့်မူ ဗဟိုကော်မတီအားလုံး တက်ရောက်ရမည်ဖြစ်ကာ ယခုအကြိမ် ဆင့်ခေါ်ထား သည့် အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး၌မူ ဗဟိုကော်မီတီ ဦးရေမည်မျှ တက်ရောက်နိုင်မည်ကို မသိရှိရသေးပေ။

မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့သည် ပထမအကြိမ် ၁၉၉၅ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် ပြဿ နာကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ဘဲ ဒုတိယအကြိမ် ၂၀၁၂ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် မွန် ပြည်သစ်ပါတီနှင့် အစိုးရတို့အကြား ထိတွေ့မှုနှင့် တပ်စခန်း ပြဿနာအချို့ ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ် အောက်တိုဘာလအတွင်း၌ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ၏ ရဲတံခွန်အခြေစိုက် တပ်စခန်းနှင့် ဂျပန်တောင်အခြေစိုက် တပ်စခန်းနှစ်ခုကိုလည်း နှစ်ဖက် သဘောတူထားသည့် အခြေစိုက် စခန်းတည်နေရာ မဟုတ်သည့်အပြင် ရဲတံခွန်တပ်စခန်းမှာ စာသင်ကျောင်းပရ၀ဏ်၌ တည်ရှိနေသော ကြောင့် အစိုးရဘက်မှ ပြောင်းရွှေ့ပေးရန် အရှေ့တောင်တိုင်းမှတစ်ဆင့် ညွှန်ကြားခဲ့သည်။

၎င်းကား မွန်ပြည်သစ်နှင့် အစိုးရတပ်တို့အကြား ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည့် ပြဿနာဖြစ်သည်။

မွန်ပြည်သစ်ပါတီအား မွန်ပြည်သူ့တပ်ဦးမှ အစိုးရထံ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပြီးသည့်နောက် ပိုင်း ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်မှ စတင် တည် ထောင်ခဲ့ခြင်းဖြစ်ကာ ပါတီသက်တမ်း ၅၅ နှစ်ရှိပြီလည်း ဖြစ်သည်။

Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template