Headlines News :
Home » » ပြည်တွင်းငြိမ်းချမ်းရေးအတွက် မတူတာတွေဘေးဖယ်ထားဖို့လိုဟု အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မတူတာတွေဘေးဖယ်ထားဖို့လိုဟု အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ပြောကြား

Written By လွင့်မောင်မောင် on Friday, November 15, 2013 | 9:48 AM



| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

လူသားများ၏ ယေဘုယျကွဲပြားမှုများတွင် ဒသမ ၅ ရာခိုင်နှုန်းလောက်သာ ကွဲပြားမှုရှိသဖြင့် မြန်မာနိုင်ငံ တွင်းဖြစ်နေသည့် ပဋိပက္ခများအား အမြန်ဆုံး ပြေလည်အောင် နေထိုင်သင့်သည်ဟု ၂၄ ဆက်မြောက် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများဖြင့် နိုဝင် ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

လူသားအချင်းချင်းတွင် မတူညီသည့်အချက်များကိုဖယ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြေလည် စွာ ဆွေးနွေးနိုင်ရန် သမ္မတဟောင်းက ဦးတည်ပြောဆိုခြင်း ဖြစ်သည်။

“လူသားတွေ အားလုံးက ပုံစံတွေသာ ကွဲရင်ကွဲမယ်များသောအားဖြင့်က တူညီကြတယ်။ တကယ်ဆို လူတွေအားလုံးနီးပါးက ၉၉ ဒသမ ၅ ရာနှုန်းလောက်က တူကြတယ်။ ကွဲပြားမှုရှိရင်လည်း ဒသမ ၅ ရာ နှုန်းလောက်ပဲ ကွဲမယ်။ အဲဒါကြောင့် မတူညီတဲ့အချက်တွေကို ဘေးဖယ်ပြီး တူတာတွေကိုပဲ ကြည့်ပြီး သဟဇာတဖြစ်အောင် နေသင့်တယ်။ ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးမှာ လိုအပ်တဲ့ အချက်တစ်ချက်ပဲ”ဟု ဘီလ်ကလင်တန်က သုံးသပ် ပြောကြားသည်။

ဘီလ်ကလင်တန်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ဟောပြောပွဲသို့ တက်ရောက်လာသူ ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း ကလင်တန်၏ ပြော ဆိုချက်များမှာ မှန်ကန်သော်လည်း မြန်မာနိုင်ငံ၏ ပထ၀ီအနေအထားအရ လူမှုပြဿနာများ၊ နိုင်ငံရေး ပြဿနာများမှာ ပိုမိုနက်ရှိုင်းပြီး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြန်လည် လေ့လာမှု အခြေအနေများတွင် ထိပ်သီးအဖွဲ့အစည်းများ မဟုတ်သူများလည်း ပါဝင်သင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နေစဉ်အချိန်တွင် ထိပ်သီးအဖွဲ့အစည်းများအချင်းချင်း တွေ့ဆုံဆွေးနွေးနေသည်ထက် အရပ်ဘက်အဖွဲ့အစည်းများ၊ လက်နက်မဲ့သော်လည်း စစ်ဘေးဒဏ်သင့်ခဲ့သည့် ပြည်သူများ၏ အသံများကို ထည့်သွင်း စဉ်းစားရန်လိုအပ်ပြီး၊ သဟဇာတဖြစ်စွာ နေထိုင်ရန်တို့ကိုလည်း ပြောကြားသွားခဲ့သည်။

“ကလင်တန် ပြောကြားသွားခဲ့သလိုပဲ သက်ကြီးရွယ်အိုတွေက ဘယ်တော့မှ ကိုယ်စားပြုခွင့်မရဘူး။ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍတွေ ပါဝင်ဖို့ လိုအပ်တယ်”ဟုလည်း ဦးကိုကိုကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ကလင်တန်ဖောင်ဒေးရှင်းက နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ပတ်သက်သည့် အခန်းကဏ္ဍများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ကူညီမှုများ ပြုလုပ်သွားရန် ရှိသည်ဟုလည်း သမ္မတဟောင်းက ပြောကြားသည်။

“ကျွန်တော်တို့ ဖောင်ဒေးရှင်းအနေနဲ့ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေလို ဆောင်ရွက်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမ္မတကြီးနဲ့လည်း ပြောဆိုသင့် ဆောင်ရွက်သင့်တာတွေကို အတူတူ တွဲလုပ်ပါမယ်။ မြန်မာနိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးပိုင်းဆိုင်ရာကဏ္ဍတွေမှာ ဖွံ့ဖြိုးမှုကောင်းမွန်မှု ရှိလာအောင် ကျွန်တော် အလုပ်လုပ်ပါမယ်”ဟုလည်း ပြောကြားခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ရင်လှိုင်က “ကျွန်တော် တို့နဲ့ပူးပေါင်းမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ပိုပြီး အဆင်ပြေလာမယ်လို့ မျှော်လင့်တယ်”ဟု သုံးသပ်ပြော ကြားသည်။

ကလင်တန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် နိုဝင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက တွေ့ ဆုံခဲ့သော်လည်း အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်းမရှိပေ။

ကလင်တန်သည် ကမ္ဘာတစ်ဝှမ်းတွင် ကျန်းမာရေးလုံခြုံမှု၊ လူမှုအကျိုးပြု အကူအညီများပေးနေသော ကလင်တန်ဖောင်ဒေးရှင်းကို ၂၀၀၁ ခုနှစ်က စတင်ထူထောင်သူဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းမှာ မြန်မာနိုင်ငံအတွက် ကျန်းမာရေးအကူအညီများ၊ ကျေးလက်ဒေသ သောက်သုံးရေရရှိရန် အကူအညီများ ပေးနေသော အဖွဲ့အစည်းလည်းဖြစ်သည်။ Bill Clinton ၏ သမီးဖြစ်သူ Chelsea Clinton သည် အဆိုပါ ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အကူအညီများပေးရန်အတွက် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၊ မေလအတွင်းက လာရောက်ခဲ့သေးသည်။

 နန်းလွင်နှင်းပွင့်(မဇ္ဈိမ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template