Headlines News :
Home » » ပုဂံဒေသ အပါအ၀င် ယဉ်ကျေးမှု အမွေအနှစ် ဒေသများအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ ရှေးဟောင်းသုတေသန ဌာနမှ သတိပေး ကြေညာချက် ထုတ်ပြန်

ပုဂံဒေသ အပါအ၀င် ယဉ်ကျေးမှု အမွေအနှစ် ဒေသများအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ ရှေးဟောင်းသုတေသန ဌာနမှ သတိပေး ကြေညာချက် ထုတ်ပြန်

Written By လွင့်မောင်မောင် on Wednesday, November 13, 2013 | 11:42 AM


ပုဂံမြို့သစ်အနီး ရှေးဟောင်းဇုန် မှတ်တိုင်တစ်ခုကို တွေ့ရစဉ်

ပုဂံ၊ မြောက်ဦး၊ သရေခေတ္တရာ၊ အင်းဝအပါအ၀င် ယဉ်ကျေးမှု အမွေအနှစ် ဒေသများအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာနှင့် စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် သတိပေး ကြေညာချက် တစ်ရပ်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာထားကြောင်း သတင်းရရှိသည်။

ပုဂံ၊ မြောက်ဦး၊ သရေခေတ္တရာ၊ အင်းဝဒေသ အပါအ၀င် ယဉ်ကျေးမှု အမွေအနှစ် ဒေသအချို့တွင် ယခုအခါ ဥပဒေဖြင့် ကန့်သတ်ထားသော ဇုန်များအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာနှင့် စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် မြေနေရာများ ရှင်းလင်းခြင်း၊ ၀င်းခြံများ ကာရံခြင်း၊ ၀န်းခြံများ ကာရံရန် တိုင်များစိုက်ထူခြင်း စသည်များကို ဆောင်ရွက်နေခြင်းကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ပျက်စီးမှု၊ ယဉ်ကျေးမှု အမွေအနှစ် ဒေသ၏ မြင်ကွင်းများ ပျက်စီးမှုတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"လက်ရှိအနေအထားမှာ အဆောက်အအုံကို ထိန်းသိမ်းရတဲ့ အနေအထားထက် နယ်မြေကို ထိန်းသိမ်းရတဲ့ တာဝန်က ဒီမှာပိုကြီးပါတယ်။ ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရတဲ့ Conservation လုပ်ငန်းကတော့ အဓိက တာဝန်ပေါ့။ နောက်တာဝန်က နယ်မြေကို ထိန်းသိမ်းရတဲ့ တာဝန်က ပိုပြီးဂရုစိုက် ထိန်းသိမ်းနေရပါတယ်။ ယဉ်ကျေးမှု ဒေသဖြစ်တဲ့အတွက် ယဉ်ကျေးမှု နေရာမှာ ရှိနေတဲ့ ဘုရားပုထိုးတွေ၊ ရှေးဟောင်းနယ်မြေရဲ့ ရှုခင်းရသတွေ ဒါတွေကို ခံစားချင်လို့လည်း ဧည့်သည်တွေဆိုတာ လာကြတာ။ ဗုဒ္ဓဘာသာတွေကတော့ ဘုရားဖူးချင်လို့ပေါ့။ ဒီတော့ ကျွန်တော်တို့က Monument တွေကို ထိန်းသိမ်းတာအပြင် ဒီပတ်ဝန်းကျင်ရဲ့ အလှအပ အရိပ်အငွေ့တွေကိုလည်း ထိန်းသိမ်းပေးရ ပါတယ်" ဟု ပုဂံရှေးဟောင်း သုတေသန ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန သတိပေး ကြေညာချက်တွင် ယဉ်ကျေးမှု အမွေအနှစ် ဒေသများအတွင်း လိုက်နာရမည့် စည်းကမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဖော်ပြထားပြီး လိုက်နာခြင်းမရှိ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template