Headlines News :
Home » » အရှေ့တီမောနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှု မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်၌လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ခွင့်ပြုချက် ရနိုင်ဖွယ် မရှိ

အရှေ့တီမောနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှု မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်၌လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ခွင့်ပြုချက် ရနိုင်ဖွယ် မရှိ

Written By လွင့်မောင်မောင် on Wednesday, November 13, 2013 | 11:36 AM

အရှေ့တီမော နိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှုအား မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်၌လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ခွင့်ပြုချက် ရနိုင်ဖွယ် မရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောကြားသည်။

အရှေ့တီမောနိုင်ငံ အနေနှင့် အာဆီယံတွင် (၁၁)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် ၂၀၁၁ ခုနှစ်တွင် စတင်လျှောက်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အချိန်အထိ အဖွဲ့ဝင် နိုင်ငံအဖြစ် ပြီးပြတ်အောင် လက်ခံရေး အပြီးသတ် ဆွေးနွေးနိုင်မှု မရှိခဲ့ကြောင်း သိရသည်။

"အရှေ့တီမောက အာဆီယံမှာ အဖွဲ့ ၀င်လျှောက်တော့ စင်ကာပူနိုင်ငံက သူ့ရဲ့စိုးရိမ်မှုကို ချပြတယ်။ ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အ၀န်း စတင်မယ့် အခြေအနေနဲ့ အရှေ့တီမော ဆိုတာက တစ်နိုင်ငံလုံးရဲ့ တစ်စင်းတည်းသော ဓာတ်လှေကားကို သူ့နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာပဲ ရှိတာ၊ အဲဒါကိုတောင် တရုတ်က လှူထားလို့။ ဒီလိုမျိုး အခြေအနေဆိုတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာ ရချိန်မှာ သူ့တာဝန် သူယူနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်တယ်။ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမှုကို အရင်ကလို နိုင်ငံမပြောင်းဖို့ဆိုတာက ကတိက၀တ်ပြုပြီး ဖြစ်နေသလို စင်ကာပူနိုင်ငံကလည်း သူ့စိုးရိမ်မှုကို မရုပ်သိမ်းသေးတဲ့အတွက် အရှေ့တီမောရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လျှောက်ထားမှုက မြန်မာနိုင်ငံ တာဝန်ယူတဲ့ အလှည့်မှာလည်း အရင်လို လျှောက်ထားမှု အတိုင်းပဲ ဖြစ်နေမှာပါ" ဟု ဦးအောင်လင်းက သုံးသပ်သည်။

အဆိုပါ အချက်အလက်များကြောင့် မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူစဉ် အရှေ့တီမော အနေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံမှု မပြုနိုင်သော်လည်း ဥက္ကဋ္ဌတာဝန်ရယူမည့် နိုင်ငံတော်သမ္မတ အနေနှင့် အာဆီယံ နိုင်ငံများအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါက အရှေ့တီမောအား အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခွင့် ရရှိရေး ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ် ရယူမည်ဖြစ်ပြီး တာဝန်ယူချိန်တွင် ကိုင်တွယ်လုပ်ဆောင်ရမည့် ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံစီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ASCC (ASEAN Socio Cultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊ ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံနိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီ ပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများအကြား နိုးကြားမှု ရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊ အမေရိကန်၊ တရုတ် အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယား ကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template