Headlines News :
Home » » လယ်သမားအား သေနတ်ကျည်ဆံ ထိမှန်မှုမှာ ဖမ်းဆီးရာမှ လုံးထွေးမှု ဖြစ်ပွားပြီး သေနတ်ကျည်ဆန် အလိုအလျောက် ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူးပြောကြား

လယ်သမားအား သေနတ်ကျည်ဆံ ထိမှန်မှုမှာ ဖမ်းဆီးရာမှ လုံးထွေးမှု ဖြစ်ပွားပြီး သေနတ်ကျည်ဆန် အလိုအလျောက် ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူးပြောကြား

Written By လွင့်မောင်မောင် on Friday, November 15, 2013 | 10:31 AM

K.14-11
လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်

တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခန့်က အောင်းရွာ၊ တပြေးကျေးရွာ အုပ်စုရှိ လယ်တဲတွင် လယ်သမား တစ်ဦး၏ ခြေထောက်အား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့သည်မှာ လုံးထွေးမှု ဖြစ်ပွားခဲ့ရာမှ သေနတ်ကျည်ဆန် အလိုအလျောက်ထွက်ကာ လယ်သမား၏ ခြေထောက်အား ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမြင့်ဝေက ပြောကြားသည်။

''ကိုငယ်ဆိုတဲ့ လယ်သမားကို ပိုင်ဆိုင်ခွင့်မရှိတဲ့ လယ်မှာလာပြီး ကျူးကျော်ရိတ်သိမ်းမှုပုဒ်မ ၄၄၇/၄၂၇ နဲ့ သွားဖမ်းတာပါ။ သွားဖမ်းတဲ့ ရဲတွေက တရားခံကို လက်ထိတ်ခတ်ပြီး ဖမ်းဆီးတဲ့ အချိန်မှာ တရားခံက ပြန်လည်ခုခံလို့ လုံးထွေးမှုဖြစ်ပြီး သေနတ်ကျည်ဆန်က အလိုအလျောက် ထွက်သွားတာပါ။ တမင်ရည်ရွယ်ပြီး ပစ်တာ မဟုတ်ပါဘူး။ အမှုဖွင့်ထားတဲ့ ပုဒ်မက ပစ်ခတ်ပြီး ဖမ်းဆီးဖို့ လိုအပ်တဲ့ ပုဒ်မလည်း မဟုတ်ပါဘူး။ အခုဖြစ်တဲ့ အခြေအနေကို သက်ဆိုင်ရာတွေက စုံစမ်းစစ်ဆေးဖို့ လုပ်နေတယ်။ အခြေအနေအားလုံး စစ်ဆေးပြီး ရဲဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ကျည်ဆန်ထိထားတဲ့ တရားခံကိုတော့ အာမခံ လုပ်ပေးထားပါတယ်'' ဟု ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမြင့်ဝေက နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရှင်းလင်း ပြောကြားသည်။

''ကျွန်တော့်ကို သေနတ်နဲ့ ပစ်တဲ့ရဲက ၀၀တုတ်တုတ်ပဲ။ အဲဒီကောင် ရှုပ်ပါတယ်ကွာဆိုပြီး ပစ်တယ်။ ဘယ်နှစ်ချက် အပစ်ခံရတာလည်း ဆိုတာတော့ မသိဘူး။ ကျွန်တော့်အစ်ကို ကောက်ရတဲ့ ကျည်ခွံကတော့ လေးခုရှိတယ်'' ဟု ကိုငယ်က ဆိုသည်။

အစိုးရက လုပ်ပိုင်ခွင့် ချထားသည့် လယ်သမားများမှ တရားစွဲဆိုထားသည့် လယ်သမားအား ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများ သွားရောက် ဖမ်းဆီးရာတွင် တရားစွဲ ခံထားရသူ ကိုငယ်၏ ခြေထောက်အား ဒုတပ်ကြပ်စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ ကျည်ဆန် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျည်ဆန်ထိမှန်ထားသူ လိုအပ်သည့်သွေးအား ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ လှူဒါန်းထားပြီး တိုင်းရဲတပ်ဖွဲ့ဝင် များမှလည်း ဆေးကုသမှုအတွက် ငွေကျပ်နှစ်သိန်း ကူညီထောက်ပံ့ ပေးထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း -လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ 
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template