Headlines News :
Home » , » အာဆီယံအမျိုးသမီးချန်ပီယံရှစ်အတွက် မြန်မာအသင်းလူစာရင်းထုတ်ပြန်

အာဆီယံအမျိုးသမီးချန်ပီယံရှစ်အတွက် မြန်မာအသင်းလူစာရင်းထုတ်ပြန်

Written By Live100 on Thursday, April 23, 2015 | 4:45 PM

11146187_542088935929923_8521106278066432141_n
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ လာမယ့်မေလဆန်း ကျင်းပမယ့် ၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် (AFF Women’s Championship 2015) မှာ ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် အပြီးသတ် ကစားသမား ၂၃ ဦးစာရင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
မေလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ကျင်းပမယ့် ဒီချန်ပီယံလုပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အုပ်စု ခ မှာ ကျရောက်ပြီး အိမ်ရှင်ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှား လက်ရွေးစင်အမျိုးသမီးအသင်းတွေနဲ့ ကစားကြရမှာဖြစ်ပါတယ်။
မေလ ၂ ရက်နေ့မှာ အိမ်ရှင်ဗီယက်နမ်အသင်း၊ မေလ ၄ ရက်နေ့မှာ ဖိလစ်ပိုင်အသင်း၊ မေလ ၆ ရက်နေ့မှာ မလေးရှားအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
အုပ်စု (က) မှာ ထိုင်း၊ သြစတေးလျှ (အသက် ၂၀ အောက်)၊ အင်ဒိုနီးရှားနဲ့ လာအို လက်ရွေးစင် အမျိုးသမီးအသင်းတွေ ပါဝင်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသားတွေကတော့
ဂိုး – မြဖူးငုံ၊ ခင်သီတာအေး၊ သန္တာဦး။
နောက်တန်း – ခင်သန်းဝေ၊ ဇင်မာဝင်း၊ ဖူးပွင့်ခိုင်၊ ဝေေ၀အောင်၊ ဇာခြည်ဦး၊ အေးအေးမိုး။
အလယ်တန်း – စန်းစန်းမော်၊ သန်းသန်းထွေး၊ ခင်မိုးဝေ၊ နော်အားလိုဝါးဖော၊ မေစံပါယ်ဖူး၊
နီလာဝင်း၊ ရူပါခိုင်၊ လဲ့လဲ့လှိုင်၊ ငယ်ငယ်ထွေး။
ရှေ့တန်း – ရီရီဦး၊ ခင်မာလာထွန်း၊ ၀င်းသိင်္ဂီထွန်း၊ လှယဉ်ဝင်း၊ မေသူကျော် တို့ဖြစ်ပါတယ်။
အသင်းနည်းပြချုပ်က ဒေါ်သက်သက်ဝင်းဖြစ်ပြီးနည်းပြက ဒေါ်စန်းစန်းသိန်းဖြစ်ပါတယ်။
အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက မြန်မာအသင်းအနေနဲ့ အုပ်စုပွဲစဉ်အားလုံးကို အလေးထားယှဉ်ပြိုင်မှာဖြစ်သလို ဆီမီးဖိုင်နယ်အဆင့်တွေ့ရမယ့် အသင်းတွေဟာ အင်အား အလွန်တောင့်တင်းကြပေမယ့် မြန်မာအသင်းက ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template