Headlines News :
Home » » ပန်ဆန်းမြို့ တိုင်းရင်းသား ညီလာခံ အစိုးရနဲ့ မဆိုင် (ဗိုလ်ချုပ် ဂွမ်မော်)

ပန်ဆန်းမြို့ တိုင်းရင်းသား ညီလာခံ အစိုးရနဲ့ မဆိုင် (ဗိုလ်ချုပ် ဂွမ်မော်)

Written By လွင့်မောင်မောင် on Tuesday, April 21, 2015 | 7:51 AM


wa-soldiers-305.jpg
ဝ လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
(Photo: AFP)

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့မှာကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ညီလာခံဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT နဲ့ မသက်ဆိုင်ဘဲ သီးသန့်စီစဉ်တဲ့ညီလာခံဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားခြင်းမရှိဘူးလို့ သိရပါတယ်။
ပန်ဆန်းမြို့မှာကျင်းပမယ့် ညီလာခံနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အဲဒီညီလာခံ ဟာ သီးသန့်ဖြစ်ကြောင်း အခုလို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သဘောတူညီနိုင်ခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းနဲ့ ပတ်သက်ပြီး NCCT ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံ ကိုတော့ သီးခြားကျင်းပသွားမယ်လို့ ပြောပါတယ်။
အဲဒီ့ညီလာခံကိုလည်း ဘယ်မှာကျင်းပမယ်ဆိုတာနဲ့ ရက်အတိအကျလည်း မသတ်မှတ်ရသေးတာကြောင့် လာမယ့် မေလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ဆိုတာလည်း မသေချာသေးဘူးလို့လည်း ပြောပါတယ်။
လာမယ့် မေလ ၁ ရက်နေ့ ၀ ဒေသ ပန်ဆန်းမှာကျင်းပမယ့် ညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ တက်ရောက်ဖို့ဖိတ်ကြားထားပြီး  အဲဒီဖိတ်ကြားထားတဲ့ အဖွဲ့တွေထဲက ကိုးကန့်၊ ရခိုင်နဲ့ TNLA တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော်တို့ကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
 
RFA

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template