Headlines News :
Home » » Miss World Myanmar 2015 အလှမယ်ရွေးချယ်ပွဲ စတင်တော့မည်

Miss World Myanmar 2015 အလှမယ်ရွေးချယ်ပွဲ စတင်တော့မည်

Written By လွင့်မောင်မောင် on Friday, April 24, 2015 | 12:28 PM



ဓာတ်ပုံများ- တင်ထက်ပိုင်/ The Irrawaddy

ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေမှာ ဒုတိယလူစိတ်ဝင်စားမှုအများဆုံးပြိုင်ပွဲတခုဖြစ်တဲ့ Miss World 2015 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် Miss World Myanmar 2015 ရွေးချယ်ပွဲကို ပြုလုပ်တော့မှာပါ။

ဒီအစီအစဉ်ကို Channel 7 နဲ့ Forever BEC-TERO တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး မနှစ်တုန်းက 2014 Miss World Myanmar အဖြစ် ၀ိုင်းလေးကို ရွေးချယ်ခဲ့ကာ သွားရောက်ယှဉ်ပြိုင်စေခဲ့ပြီးပါပြီ။ ဒီနှစ်အတွက် Miss World Myanmar 2015 ရွေးချယ်ပွဲကို ဧပြီ ၂၄ရက်ကနေ ၃၀ရက်နေ့အထိ ရန်ကုန်မြို့ ရှင်စောပုဘုရားလမ်းမှာရှိတဲ့ MEP မှာ အလှတကိုယ်လုံး ဓာတ်ပုံ၂ ပုံ ယူဆောင်လာကာ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒုတိယအကြိမ်ပြုလုပ်တဲ့ ပွဲနဲ့ ပတ်သက်လို့ Forever BEC-TERO ရဲ့ Country Manager ကိုစိုးသူရက  “ဒီနှစ်လည်း မနှစ်ကလိုပဲ ကျင်းပသွားမှာပါ။ ဒါပေမယ့် မနှစ်က ဖြစ်ခဲ့တဲ့ အခက်အခဲတွေ ၊ တယောက်နဲ့တယောက် ကြားက မပြေလည်မှုလေးတွေကို ညှိနှိုင်းဖြေရှင်းပြီးတော့ ဒုတိယနှစ်ကို လုပ်မှာ ဖြစ်ပါတယ်။
ဒီပွဲလေးက အရည်အချင်းပြည့်ဝတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အလှကို ကမ္ဘာကို ပြသချင်တဲ့သဘောပါ။ ကျနော်တို့နဲ့ Forever BEC-TERO အနေနဲ့ ဘယ်လိုအတွေ့အကြုံ့မျိုးကိုမဆို သင်ပေးနိုင်ပါတယ်။

ကျနော်တို့ လိုအပ်တာက စိတ်ထားလှတဲ့ မြန်မာ အမျိုးသမီးတွေကို ကမ္ဘာ့အလည်မှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ထင်ရင် လာရောက် ယှဉ်ပြိုင်စေချင်ပါတယ်။ ကျနော်တို့ လိုအပ်တာက ယှဉ်ပြိုင်ခြင်းဆိုတဲ့ စိတ်ဓာတ်လေး တခုပါပဲ” လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။

သတ်မှတ်ထားတဲ့ အသက်အရွယ်ကတော့အသက်၁၈နှစ်အတွင်းကနေ ၂၃နှစ်အတွင်းဖြစ်ပြီး  ဧပြီလကုန်မှာ လူရွေးပွဲစတင်မှာဖြစ်ကာ ဇူလိုင်လ ၁၁ ရက်နေ့မှာ Miss Myanmar World 2015 ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ စကာတင် အယောက်၂၀ ထဲမှာ Miss World Myanmar Winner ၊ first Runner Up ၊ Second Runner Up များကို ရွေးချယ်ပေးကာ Winner အတွက် ဆုငွေကျပ်သိန်းတရာနဲ့အတူ တခြားဆုများအကျိုးခံစားခွင့်များကို ရရှိမှာ ဖြစ်ပါတယ်။




2014 Miss World Myanmar ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သူ ၀ိုင်းလေးကပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်လို့  “၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ညီမလေးတွေကိုပြောချင်တာက Miss World ဆိုတာကလည်း မှတ်တိုင်တခုပါပဲ၊ ဒီပွဲလေးကိုပြိုင်ရင် ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကြောက်ရွံ့စရာလည်းမလိုဘူး။  အဓိက ကိုယ်က ဒီလိုပွဲမှာ Participate လုပ်နိုင်တယ်ဆိုတာ ပြရမယ်၊ ၀ိုင်းလေးတို့ကလည်း အတွေ့အကြုံတွေ ၀ိုင်းပြီး Sharing လုပ်သွားမှာပါ။ ကူညီသွားမှာပါ၊ ကြိုဆိုပါတယ်။ ပြိုင်ပွဲမှာ လိုအပ်တာ အဓိက စိတ်ဓာတ်ပါပဲ၊ ပြီးတော့ Body Beauty Building ပေါ့။ ပြီးတော့ Team Work ရှိဖို့လိုအပ်တယ်။ နိုင်ငံတကာနဲ့သွားတဲ့အခါမှာ အချိန်တိကျဖို့ လိုအပ်တယ်။ စည်းကမ်းကလည်း သိပ်အရေးကြီးတယ်။ ပြိုင်ပွဲတခုမှာ ဆုရဖို့ဆိုတာက အဘက်ဘက်က ပြည့်စုံနေမှ ရမှာပါ။ အများကြီး ကြိုးစား စေချင်တယ်။ ၀ိုင်းလေးတို့လည်း Perfect ဖြစ်တယ် မဟုတ်ပေမယ့်လည်း Participate လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါကြောင့် ဒီနှစ်မှာ လာရောက်ပြိုင်မယ့် ညီမတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ သူများတွေ လုပ်နိုင်သလို ၀ိုင်းလေးတို့လည်း လုပ်နိုင်တယ်ဆိုတဲ့ဟာကို ပြနိုင်ဖို့ လာရောက်ယှဉ်ပြိုင်စေချင်ပါတယ်လို့” ပြောပြပါတယ်။

ဝိုင်းလေးက ရွေးချယ်ခံရတဲ့ Miss World Myanmar 2015  ပြိုင်ပွဲကို သွားရောက် မယှဉ်ပြိုင်ခင်မှာ အတွေ့အကြုံများနဲ့ လိုအပ်မှုများကို Trainning ကာလအတွင်းမှာ ကူညီပံ့ပိုးပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဧရာဝတီ blog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template