လူမှောင်ခိုသမားတွေလက်က ပြီးခဲ့တဲ့ သီတင်း သုံးပတ်က ကယ်တင်ခဲ့တဲ့
မြန်မာနဲ့ ကမ္ဘောဒီးယား ရေလုပ်သားတွေဟာ မိခင်နိုင်ငံပြန်ဖို့
ငွေကြေးမလုံလောက် တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်နေတယ်လို့ IMO-
နိုင်ငံ တကာ နေရပ်ရွှေ့ပြောင်းသူများ အသင်းက ပြောပါတယ်။
အင်ဒိုနီးရှားကမ်းလွန်မှာလုပ်ကိုင်နေတဲ့ ငါးဖမ်းလှေတွေအတွက်
လူမှောင်ခိုကူးနေတာကို စုံစမ်းစစ်ဆေးပြီး တဲ့နောက် မြန်မာရေလုပ်သား ၄၅၅
ယောက်၊ ကမ္ဘောဒီးယား ၉၄ ယောက်နဲ့ လာအို ၈ ယောက်ကို ဒီလထဲမှာ
ကယ်တင်နိုင်ခဲ့ပါတယ်။
သူတို့ဟာ လုပ်ခမရဘဲ တနေ့ ၂၂ နာရီ အလုပ်လုပ်ရတဲ့ပြင် ရိုက်နှက်လည်းခံရသေး တယ်လို့ ပြန်ပြောပြပါတယ်။
ကမ္ဘာတ၀န်းမှာ လူ ၂၁ လောက် အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ IMO က ခန့်မှန်းထားပါတယ်။
RFA
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago