နီပေါနိုင်ငံမြို့တော် အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ
မြို့ငယ်ကို ဗဟိုပြုပြီး စနေနေ့မှာ ၇ဒသမ ၉ ပြင်းအားရှိတဲ့
ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ငလျင်ကြောင့် မြို့တော် ကက်သမန်ဒူးမှာ အဆောက်အအုံတွေ ပြိုကျ ပျက်စီးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
ကက်သမန်ဒူးမှာ ရှိတဲ့ ကိုးထပ် အဆောက်အဦ ပြိုကျသွားလို့ လူတွေ အတော်များများ အထဲမှာ ပိတ်မိနေတယ်လို့ စကိုင်းနယူးသတင်းမှာဖော်ပြပါတယ်။
လောလောဆယ်မှာတော့ ၂ ဦးသေဆုံးသွားတယ်လို့ မျက်မြင်တွေကို ကိုးကားပြီး
ရိုက်တာ သတင်းကဖော်ပြသလို လူနာတွေကို အပြေးအလွှား ဆေးရုံပို့နေတယ်လို့လည်း
ဆိုပါတယ်။
ငလျင် လှုပ်ခတ်မှုအရှိန်ကို ဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံက ဒေသတချို့အထိ ခံစားရတယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အမေရိကန် ဘူမိဗေဒဌာနရဲ့ အဆိုအရ ငလျင်ဟာ မြေအောက် ၂ မိုင် အကွာကို
ဗဟိုပြုပြီး လှုပ်ခဲ့လို့ အထက်မြေပြင်နဲ့ အလွန်နီးစပ်တယ်လို့ သတ်မှတ်ပါတယ်။
ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ဒသမ၆ နဲ့ ၅ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၂ ခုလည်း ဆက်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက် သေဆုံးခဲ့ဖူးပါတယ်။
DVB