Headlines News :
Home » » အင်းလေး ဖောင်တော်ဦး ဘုရားဝန်းကျင်ရှိ ရွာများသို့ သွားသည့်လမ်း ရေမရှိသည့် အတွက် စက်လှေများ ဖြတ်သန်း မရဖြစ်နေ

အင်းလေး ဖောင်တော်ဦး ဘုရားဝန်းကျင်ရှိ ရွာများသို့ သွားသည့်လမ်း ရေမရှိသည့် အတွက် စက်လှေများ ဖြတ်သန်း မရဖြစ်နေ

Written By လွင့်မောင်မောင် on Wednesday, April 22, 2015 | 3:14 PM



 အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦး ဘုရား ဝန်းကျင် ရှိ ရွာအချင်းချင်း ဆက်သွယ်ထားသည့် လမ်းများ မှာ ရေမရှိတော့သည့် အတွက် စက်လှေ များ ဖြတ်သန်းမရပဲ ရေရှိသည့် နေရာများမှ သွားလာ နေရ သည်ဟု ညောင်ရွှေ စက်လှေဆိပ်မှ စက်လှေ သမားများ ထံမှ သိရသည်။

အဓိကအားဖြင့် ဖောင်တော်ဦးဘုရား မှ သာလေးကျေးရွာအားဖြတ်ပြီး အလိုတော်ပေါက်ဘုရား၊ နမ့်ပန် ရေလမ်းကြောင်း၊ အင်းပေါခုံ၊ ရွာမရေလမ်းကြောင်းများမှာ ရေခန်း ပြီး စက်လှေများ လုံးဝသွားလာနိုင်ခြင်း မရှိတော့ ဟု ဆိုသည်။
“အချို့ ရွာတွေဆို စက်လှေဝင်ဖို့ မပြောနဲ့ တံတားထိုးပြီး ခြေလျင်လမ်းလျှောက်သွားနေရတယ်”ဟု သုခ travel & tour service နှင့် စက်လှေ အဌားဝန်ဆောင်မှု လုပ်ငန်းမှ စက်လှေသမား ကို အံ့ကြီးက
ဆိုသည်။

အင်းလေးကန် ၏ အဓိက လည်ပတ်ရာ နေရာဖြစ်သည့် ဖောင်တော်ဦး ဘုရား အထိ စက်လှေ သွားလာနိုင် သေးသော်လည်း ဘုရားစောင်းတန်း အခြေတွင် ရပ်တန့် ကာ ခရီးသည်များကို ပို့ ဆောင် ပေးနေရသည်ဟု ဆိုသည်။
“အင်းထဲမှာ ရေနည်းနေတော့ ခရီးသည်နည်းရင် မောင်းရတာ ပြဿနာ မရှိပေမဲ့ များရင် နည်းနည်း ထိန်းမောင်းရတယ်”ဟု စက်လှေသမားတစ်ဦးက ဆိုသည်။

အင်းလေးကန်အတွင်း မိုးရေ အဝင်နည်းပြီး သဲနှုန်းပို့ ချမှု များခြင်းကြောင့် ယခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှ စတင်ကာ ရေ ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

မိုးရာသီကုန်ဆုံးပြီးနောက် ကန်အတွင်းရေဝင်မှု မရှိတော့သည့် အတွက် ကန်အတွင်းမှ ရေများ ထွက်သွားခြင်းနည်းပါးစေရန် ဆည်မြောင်းဌာနမှ Geo-tube(ရေထိန်းရေဖြည်)့ အဆောက်အအုံ တစ်ခုကိုဘန်းကန်ကျေးရွာ အထက်တစ်မိုင်တွင် ငွေကျပ် သိန်း ၁၇၀၀ အကုန်ကျခံကာ ဆောက်လုပ်ပေထားပြီးဖြစ်ကြောင်း
ညောင်ရွှေမြို့ ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းဌေးက ပြောသည်။
“ဒီနှစ် မိုးရေချိန်က ၂၀၁၃ခုနှစ်ကထက်နှစ်လက်မလောက် လျော့နေတယ်။ နမ့်ကပ်ချောင်း ရေအနက်ကလည်း ရှစ်ပေလောက်ပဲ တက်ပြီး ခုတော့ အနက်ဆုံး နေရာမှာ နှစ်ပေ ၂ပေခွဲလောက်ပဲ ရှိတော့တယ်။”ဟု ဆိုသည်။

လက်ရှိရှိနေသည့် ရေလယ်ဗယ်လျော့နည်း မသွားစေရန်အတွက် ရေထိန်းရေဖြည့် အဆောက်အအုံများ ဆောက်လုပ်ခြင်းအပြင် ညောင်ရွှေမြို့အဝင်သာစည်ကန်၊ နဒီကန်များကိုပြန်လည် တူးဖော်ခြင်း၊ ကန်ရေပြင်ကျယ် စေရန်ဒိုက်များ ရှင်းလင်းခြင်း၊ ရေထိန်းတံခါးများ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးယင်း ကန်နှစ်ခု အတွင်း ရေများများ သိုလှောင်နိုင်မည်ဆိုပါက စိုက်ပျိုးရေရရှိနိုင်သကဲ့သို့  အင်းလေးကန်ရေနည်း သွားတဲ့အချိန်မှာ ရေဖြည့် တင်းပေးနိုင်သည့် အတွက် ဆောင်ရွက်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။
“Geo-tubeလုပ်ထားလည်း လောပိတ အတွက် ရေ သုံးနေတယ်။၊ သွားရေး လာရေး အတွက်
ရေလမ်းကြောင်း ဖွင့်ပေးရတယ်။ စိုက်ပျိုးရေး အတွက်တောင်သူတွေ ချောင်း၊ မြောင်းဆည်တမံ ပြုလုပ်တာတွေကြောင့် အခုရာသီမှာ ရေအဝင်မရှိ ဘဲ အထွက်ပဲ ရှိနေတဲ့ အတွက် ကန်ရေဟာ နေ့စဉ်ကျဆင်းနေဦးမှာပါပဲ”လို့ ဦးဝင်းဌေးက သုံးသပ်ပြောဆိုသည်။

အင်းလေးကန် အတွင်း ရေနည်းခြင်းကြောင့် ခရီးသည်များကို ပို့ ဆောင်ရာတွင် အချိန်ကြာမြင့်ခြင်း ၊ သတိထားမောင်းနှင်ရခြင်းစသည့် အခက်အခဲများ ရှိသော်လည်း ဆည်မြောင်းမှ လုပ်ဆောင်ပေး နေသည်အတွက် လာမည့် နှစ်တွင် ယခုကဲ့ သို့ ရေခန်းခြောက်မှုမျိုး မကြုံတွေ့ နိုင်ဟု ယုံကြည် ကြောင်း စက်လှေသမား များက ဆိုသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်အတွင်း ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၂၈၈ဝ အမြင့်တွင်တည်ရှိသည့် အင်းလေးကန်သည် မြန်မာ နိုင်ငံ၏ ကုန်းတွင်းရေအိုင်ကြီးများအနက် ဒုတိယအကြီးဆုံး ရေအိုင်ကြီးဖြစ်သည်။

အင်းလေးကန်၏ မူလရေပြင်အကျယ်သည် ၁ဝဝ စတုရန်း မိုင်ခန့်ရှိခဲ့သော် လည်း ၂ဝ၁၄ခုနှစ်တိုင်းထွာ ချက်အရ တောင်မှမြောက်သို့ ၁၂ မိုင်နှင့်အရှေ့ မှ အနောက် ၆ မိုင်ခန့်သာရှိတော့ကြောင်း နှင့် ကန်၏ရေ အနက် ဆုံး နေရာမှာ မိုးရာသီ၌ ၁၂ပေ၊ နွေရာသီတွင် ၆ ပေခန့်သာ ကျန်ရှိပါတော့သည်ဟု စာရင်းများ အရ သိရသည်။

 ဘေဘီမြင့်မောင်၊မန္တလေး။
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template