Headlines News :
Home » » ထိုင်းတွင် ယာဉ်တိုက်မှုဖြစ်၊ မြန်မာ ၃ ဦးဒဏ်ရာရ

ထိုင်းတွင် ယာဉ်တိုက်မှုဖြစ်၊ မြန်မာ ၃ ဦးဒဏ်ရာရ

Written By Live100 on Friday, April 24, 2015 | 5:40 PM

 558000004850405
ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာအလုပ်သမားတွေစီးလာတဲ့ မှန်လုံကားက ပလောပီနံတင် ဆယ်ဘီးကားကို နောက်ကနေ ၀င်တိုက်ရာမှာ ထိုင်းယာဉ်မောင်း သေဆုံးပြီး မြန်မာ ၃ ဦး ဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့မနက် အရုဏ်မတက်ခင် ဘန်ကောက်ကနေ နယ်စပ်က တာ့ခ်ခရိုင် မဲဆောက်မြို့ကို ပြန်တဲ့ စင်းလုံးငှား မှန်လုံယာဉ်ဟာ ယာဉ်မောင်းသမား အိပ်ငိုက်ပြီး ပလောပီနံတင် ဆယ်ဘီး ကားကို ၀င်တိုက်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ကားပေါ်မှာအသက် ၃ နှစ်ရွယ် ကလေးတစ်ဦးအပါအ၀င် ၁၁ ဦး စီးနင်းလိုက်ပါလာပြီး အားလုံးမှာ အလုပ်သမား လက်မှတ်ကိုင်ဆောင်ထားကြတယ်လို့ဆိုပါတယ်။
ခါနုဝေါရပူရီမြို့နယ်ရဲအရာရှိအဆိုအရ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ပျက်စီးနေတဲ့ အဖြူရောင်မှန်လုံ ကားထဲမှာ သေဆုံးသူ ယာဉ်မောင်းအလောင်းနဲ့ ဒဏ်ရာရ ခရီးသည် ၃ ဦးကို တွေ့တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းဟာ အသက် ၄၀ ကျော်အရွယ် နိုင်းဆုမ်ဝန်းဝမ်ဆီ ထိုင်းလူမျိုးဖြစ်ပြီး ဒဏ်ရာရသူ မြန်မာ ၃ ဦးကို ကမ်ဖိုင်ဖစ်ဆေးရုံပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template