Headlines News :
Home » » ထိုင်းမြန်မာနယ်စပ်တွင် စိတ်ကြွမူးယစ်ဆေး ၈ သိန်းကျော်ဖမ်းမိ Maesot drug 3

ထိုင်းမြန်မာနယ်စပ်တွင် စိတ်ကြွမူးယစ်ဆေး ၈ သိန်းကျော်ဖမ်းမိ Maesot drug 3

Written By Live100 on Saturday, April 25, 2015 | 10:16 PM

 Maesot drug 3
ထိုင်းမြန်မာနယ်စပ်နဲ့ ကိုက် ၂၀၀ အကွာ ထိုင်းဘက်ခြမ်းမှာ ယာဘ စိတ်ကြွရူးသွပ်ဆေး အလုံးရေ ၈၈၀,၀၀၀ ကျော်ကို  ထိုင်းလုံခြုံရေး အဖွဲ့က  ဧပြီလ ၂၄ ရက် ညနေပိုင်းက ဖမ်းဆီးမိပါတယ်။
ထိုင်းစစ်တပ် နယ်စပ်အခြေစိုက် လုံခြုံရေး ကင်းလှည့်နေချိန်မှာ မသင်္ကာစရာ လူ၂ယောက်ကို စစ်ဆေးဖို့ ခေါ်ယူရာမှာ အစစ်မခံဘဲ သေနတ် ၂ ချက်ဖောက်ထွက်ပြေးသွားတဲ့ အတွက် သူတို့နောက်လိုက်ရာကနေ နေလှမ်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတာပါ။
မသင်္ကာစရာ လူ ၂ ဦးကတော့ မြ၀တီမြို့မြောက်ဖက် သောင်ရင်းမြစ်ဘက်ကို ထွက်ပြေး တိမ်းရှောင် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အခု မူးယစ်ဆေး ဖမ်းမိတဲ့ ဖြစ်စဉ်မှာ ဆေးဝါး ပိုင်ဆိုင်သူကို ဖမ်းမမိပေမယ့် ထိုင်း မြေပိုင်ရှင်ရဲ့ ဘဏ်ငွေအဝင်အထွက်၊ နေ့စဉ်အသုံးပြုတဲ့ ဝင်ငွေထွက်ငွေတွေကို စစ်ဆေးပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သတ်မှုရှိမရှိ ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းတပ်မမှူး ဗိုလ်ချုပ်နဖဖေါ လမ်းချမ်းက ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးတွေကို ထိုင်း- မြန်မာတာဝန်ရှိသူတွေနဲ့ နယ်စပ် အခြေစိုက်မူးယစ်ဆေးကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့် တိုက်ဖျက် သွားမယ်လို့လည်း ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template