Headlines News :
Home » » တပ်မတော် အရာရှိဟောင်းများ ပါဝင်သော ပါတီသစ်တည်ထောင်၊ သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်အား ပါတီနာယကအဖြစ် လျာထား

တပ်မတော် အရာရှိဟောင်းများ ပါဝင်သော ပါတီသစ်တည်ထောင်၊ သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်အား ပါတီနာယကအဖြစ် လျာထား

Written By လွင့်မောင်မောင် on Saturday, April 25, 2015 | 3:20 PM


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် နိုင်ငံရေး စီမံခန့်ခွဲမှုပညာ မဟာတန်း ကျောင်းသား ၆၀ ခန့်နှင့် တပ်မတော် အရာရှိဟောင်းများ ပါဝင်သော ပါတီသစ်တစ်ခု တည်ဆောက် ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး ဖြစ်သည်ဟု ယင်းပါတီ၏ နာယကဖြစ်သူ သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင် လတ်က ဧပြီလ ၂၂ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုချက်ရရှိပါက ပါတီအမည်၊ ပါတီတံဆိပ်နှင့် ပါတီလုပ်ငန်းစဉ် မူဝါဒများနှင့် စပ်လျဉ်း၍ အသေးစိတ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို ““အခုတော့ အသေးစိတ် ပြောလို့ မရသေးပါဘူး။ ကော်မရှင်က ခွင့်ပြုမှ ပါတီနာမည်တို့၊ တံဆိပ်တို့ အတည်တကျ သတ်မှတ်ရမှာပါ။ အခုတော့ လျာထားဆဲ အဆင့်ပဲ ရှိပါသေးတယ်””ဟူ၍ ဒေါက်တာနေဇင်လတ်က ဧပြီ ၂၂ ရက်တွင် ပြောသည်။

အဆိုပါ ပါတီသစ်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အရေအတွက် ၄၀၀ အထိ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး တပ်မတော် အပါအ၀င် နိုင်ငံရေး အင်အားစု အားလုံးနှင့် လက်တွဲ ဆောင်ရွက် ရန် မူဝါဒချမှတ်ထားကြောင်း၊ အနီရောင် အောက်ခံ အလယ်တည့်တည့်တွင် ရွှေရောင် ကဒေါင်းရုပ်ကို ပါတီ အလံအဖြစ် သတ်မှတ်ထားပြီး သမ္မတ ဦးသိန်းစိန်၏ အကြံပေးတစ်ဦးဖြစ် သူ ဒေါက်တာနေဇင်လတ်ကို နာယကအဖြစ် သတ်မှတ်ထားကြောင်း၊ နာမည်ပျက် ကင်းရှင်းသူ တပ်မတော် အရာရှိဟောင်းတချို့ ပါဝင် ကြောင်း စသည်ဖြင့် ဧပြီလ ၂၁ ရက်ထုတ် The Voice နေ့စဉ် သတင်းစာတွင် ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သူ ဦးပိုက်တင်က ပြောကြားခဲ့ပြီးဖြစ်သည်။

ယင်းပါတီတွင် ထောက်လှမ်းရေးဟောင်းအချို့ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် ““ကျွန်တော်တို့ ထောက်လှမ်းရေးဟောင်း တစ်ဦးမှ မပါပါဘူး။ ကျွန်တော်တို့ဆီက နိုင်ငံရေးလုပ်မယ့် သူလည်းမရှိဘူး။ တပ်မတော် အရာရှိဟောင်းတွေ ပါတယ်လို့ သိရတယ်။ ခြေလျင် နဲ့ ခြေမြန်တပ်ရင်းက အရာရှိဟောင်းတွေ ပါတာပါ”” ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ တပည့်ရင်းဖြစ်သူ ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင် က မြန်မာသံတော်ဆင့်သို့ပြောသည်။

၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်က စတင်ဖွဲ့စည်းခဲ့သည့် သမ္မတ၏ အကြံပေး အဖွဲ့များအနက် ဦးကိုကိုလှိုင် ဦးဆောင်သည့် နိုင်ငံရေးအကြံပေးအဖွဲ့ တွင် ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့ ပါဝင်ခဲ့ပြီး ဒေါက်တာ နေဇင်လတ်မှာ လက်ရှိတွင် AMBO Co.,Ltd နှင့် AMBO Hotel Group ၏ ဥက္ကဋ္ဌလည်း ဖြစ်ကာ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

ဒေါက်တာနေဇင်လတ်သည် ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေ သာယာလှပရေး အမည်ခံ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ် ခွဲ၊ ချောင်းသာကျေးရွာ ရှိ ဒေသခံများထံမှ သိမ်းယူထားသော မြေများ မှာ ဒေါက်တာ နေဇင်လတ် အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၏ အမည်ပေါက်များ ဖြစ်နေသည့်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတဒေါက်တာဉာဏ်ထွန်းထံ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က တိုင်ကြားခံခဲ့ရဖူးသူ တစ်ဦးဖြစ်သည်။

ဝတ်ရည်နွေးနွေး

ြ မြန်မာသံတော်ဆင့်သတင်းဌာန –

ဒေါင်းမာန်ဟုန် မှ

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template