|Dawei
Watch| မြိတ်၊ ဧပြီ ၂၃
မြိတ်မြို့မှ
တနင်္သာရီမြို့နယ်သို့ ပြေးဆွဲနေသည့် ဒို့တောရွာအမြန်ရေယာဉ်ပေါ်မှ ဧပြီလ ၂၂ ရက်နေ့ နံနက်
၁၁ နာရီခွဲ အချိန်ခန့်က အနောက် သာရဖုံကျေးရွာ အဝင်ဝတွင် အသက်(၅၀)နှစ် ကျော်ရှိ ခရီးသည်
အမျိုးသားတစ်ဦး ရေထဲ ပြုတ်ကျပြီး သေဆုံးခဲ့သည်ဟု အမြန်ရေယာဉ်အသိုင်းအဝိုင်းမှ သိရသည်။
တနင်္သာရီမြို့နယ်
အနောက်သာရဖုံ ကျေးရွာ အထက်ဆိပ်ကမ်းသို့ ကပ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒို့တောရွာ
အမြန်ရေ ယာဉ်မှ လှေစာရေး ကိုဟိန်းငယ်က ပြောသည်။
“ယာဉ်နောက်ဘက်
အိမ်သာနားက ပြုတ်ကျသွားတာပါ။ မြင်တဲ့သူတွေက
လာပြီးအသိပေးချိန်က ရွာဆိပ်ကမ်း နှစ်ခုမြောက်လောက်မှ သိရတာပါ”ဟု ကိုဟိန်းငယ်က ဆိုသည်။
အလောင်းကို
လက်ရှိအချိန်အထိ ရှာမတွေ့သေးဟု အနောက်သာရဖုံကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဂွမ်ကြည်က
ပြောသည်။
ခရီးသည်၏အလောင်းကို
ရှာဖွေတွေ့ရှိသည့်အခါ သေမှုသေခင်းအရ အမှုဖွင့်ဆောင်ရွက်သွားမည်ဟု တနင်္သာရီမြို့နယ် ရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြိတ်- တနင်္သာရီ
အမြန်ရေယာဉ်များပေါ်တွင် လိုက်ပါစီးနှင်းကြသည့် ခရီးသည် အမျိုးသားတစ်ချို့တို့သည် ရေယာဉ်ခေါင်မိုး
အပေါ်တွင် လိုက်ပါလေ့ရှိကြကြောင်း ခရီးသည်တစ်ချို့ထံမှ သိရသည်။
မြိတ်မှ တနင်္သာရီမြို့နယ်သို့
ဒို့တောရွာနှင့် ကြံတိုင်းအောင် အမြန်ရေယာဉ်နှစ်စီးဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း
အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။
Dawei
Watch