Headlines News :
Home » , » ကျောက်မဲမြို့ နယ်အတွင်း မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်းဘေး လျှိုတစ်ခုထဲ၌ လူသေအလောင်း ၃ လောင်းတွေ့ ရှိ၊ ဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခုပါဝင် ဟုဆို

ကျောက်မဲမြို့ နယ်အတွင်း မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်းဘေး လျှိုတစ်ခုထဲ၌ လူသေအလောင်း ၃ လောင်းတွေ့ ရှိ၊ ဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခုပါဝင် ဟုဆို

Written By Live100 on Saturday, April 25, 2015 | 5:21 PM


ကျောက်မဲ၊ ဧပြီ ၂၅၊

့ ဧပြီလ ၂၄ ရက်၊ မွန်းလွဲပိုင်း ၃ နာရီခန့် တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ နယ်၊ ပဇီကျေးရွာ အနီး၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၄၃ နှင့် ၄၄ ကြား လျှိုအတွင်း၌ ဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခု၊အမျိုး သား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့၏အလောင်း ၂ခု ၊ စုစုပေါင်းရုပ်အလောင်း ၃ ခုကို တွေ့ ရှိကြောင်း ပဇီကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေမှတ် က မိုင်းလုံရဲစခန်းသို့  ဖုန်းဖြင့် သတင်းပို့ ခဲ့ကြောင်း မိုင်းလုံရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ ဝင်တစ်ဦးက ဧပြီလ ၂၄ ရက် တွင် Oriental News သို့ ပြောသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ စုံစမ်းချက်အရ ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ က မိုးကုတ်မြို့ ၊ ရှောလီိဝိုင်းအုပ်စု၊ အောင်သာယာရပ်နေ ဥူးဆရန္ဒလင်္ကာရ (အိန္ဒိယနိုင်ငံ၊ ဗာရာဏသီတွင် Ph.D တက်ရောက်နေသူ) သည် ဒကာ၊ ဒကာမများဖြစ်သည့် ဦးကြည်မောင် (၇၁) နှစ်၊ ၄င်း၏ဇနီး၊ သမီးဖြစ်သူ ဒေါ်ဇာဇာ (၄၀)နှစ် ရန်ကုန်မြို့ နေသူတို့ နှင့် အတူ ယာဉ်အမှတ် 3C/1917 Bogi အနက်ရောင်ယာဉ်ဖြင့် မိုးကုတ်မြို့ ရှိ မိဘဖြစ်သူများအား ကန်တော့ရန် လာရောက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့ တွင် စစ်ကိုင်းမြို့ ၊ သီတဂူဗုဒ္ဓတက္ကသိုလ်သို့  မိုးကုတ်-ပြင်ဦးလွင် ကားလမ်း အတိုင်း ပြန်သွားခဲ့ကြောင်း၊ မိုးကုတ်မြို့ မှ ပြန်လည်ထွက်ခွာသွားပြီး ပြင်ဦးလွင်သို့  ရောက်ရှိခြင်း မရှိကြောင်း သိရှိ ရသဖြင့် ဥူးဆရန္ဒလင်္ကာရ၏ ဖခင်ဖြစ်သူ ဦးဒီပါဒူး၊ ဂေါ်ရခါး/ဗုဒ္ဓ၊ ရှောလီဝိုင်းအုပ်စု၊ အောင်သာယာရပ်၊ မိုးကုတ်မြို့  နေသူသည် သားဖြစ်သူနှင့်အဖွဲ့  ပျောက်နေခြင်းနှင့်ပတ်သက်၍ လမ်းကြောင်းတစ်လျှောက်ရှိ လမ်းအခွန်ကောက်ခံ သည့် ဂိတ်များအား စုံစမ်းခဲ့ရာ ၄င်းယာဉ်နံပါတ်ဖြင့် မိုးကုတ်မြို့ မှ ထွက်ခွာသွားသည်ကိုသာ သိရှိရပြီး သတင်းဆက် ပျောက်နေကြောင်း၊ သို့ သော် ဦးဒီပါဒူးအနေဖြင့် ဖြစ်စဉ်အား သက်ဆိုင်ရာဌာနဆိုင်ရာများသို့  အမှုဖွင့်တိုင်ကြားခဲ့ ခြင်း မရှိကြောင်း သိရသည်ဟု ဤဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသော အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြော သည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ ပဇီကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေမှတ်က အခင်းဖြစ်နေရာတွင် ပျောက်ဆုံးနေသောယာဉ်အမှတ် 3C/1917 Bogi အနက်ရောင်ယာဉ်အား တွေ့ ရှိခြင်းမရှိသော်လည်း၊ဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခု၊အမျိုး သား ၁ ဦး၊ အမျိုးသမီး ၁ဦးတို့၏အလောင်း ၂ခု ၊ စုစုပေါင်းရုပ်အလောင်း ၃ ခုကို တွေ့ ရှိခဲ့သည်ဟုဆိုကြောင်း၊ သို့ အတွက် မိုးကုတ်မြို့ မှ ထွက်ခွာပြီးပျောက် ဆုံးနေသူများ၏ဖြစ်စဉ် နှင့်တိုက်ဆိုက်မှုရှိနေပြီး အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ သို့ သော် အခင်းဖြစ်ရာနေရာသည် လက်နက်ကိုင် အဖွဲ့ အချို့၏လှုပ်ရှားနယ်မြေဖြစ်၍ နယ်မြေအခြေအနေ အရ လုံခြုံရေးအန္တရယ်ရှိသဖြင့် အလောင်းများအား သယ်ဆောင်စစ်ဆေးရန်အတွက် လုံခြုံရေးအစောင့်အရှောက် များဖြင့် သွားရောက်အတည်ပြုရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၄င်းက ပြောသည်။

´´ အခု တွေ့ ရှိ တဲ့ ရုပ် အလောင်းတွေက မိုးကုတ် ကထွက် လာပြီး ပျောက် ဆုံးသွားတဲ့ သူတွေသာ အမှန် တကယ် ဖြစ် ခဲ့ မယ် ဆိုရင် ကား နဲ့ အမျိုးသမီးတစ်ယောက် ပျောက် ဆုံးနေ ဆဲ လို့ ပြော လို့ ရတယ်´´ ဟု ကျောက် မဲ မြို့ ခံ တစ်ဦးက သုံးသပ်သည်။

အထက်ပါဖြစ်စဉ် နှင့် ပတ်သက် ၍ ကျေက်မဲ မြို့ နယ် ရဲတပ် ဖွဲ့ မှူးရုံး မှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက .. အထက်ပါဖြစ်စဉ် မှာ မှန်ကန် မှု ရှိပါကြောင်း ၊ ဘုန်းတော်ကြီးတစ်ပါးဟု ယူဆရသည့် ရုပ်အလောင်းတစ်ခု အပါအ၀င်ရုပ်အလောင်း ၃ လောင်းတွေ့ရှိရသည်ဟု သတင်းရရှိထားကြောင်း၊ ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ပဇီကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေမှတ်က တရားလိုပြု လုပ် ၍ မိုင်းလုံ ရဲစခန်းတွင် အ မှု ဖွင့် ထားကြောင်း၊ ယင်း အမှု ကို မိုင်းလုံ မြို့ နယ် ရဲ စခန်း မှ ရဲအုပ်ဦးအောင်ကိုလတ် က ပ/ ၄ / ၁၅ ပုဒ်မ ၃၀၂ ဖြင့် လက် ခံ စစ်ဆေးပေးလျက်ရှိကြောင်း ဧပြီလ ၂၅ ရက်နေ့ တွင် Oriental News သို့ပြောသည်..။

မာန်ဟုန်ချီ ( Oriental News)
https://www.facebook.com/orientalnewsmyanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template