Headlines News :
Home » , » ပန်းဆေးပြည်သူ့စစ်နှင့် တအာင်းတပ် ပစ်ခတ်မှုဖြစ်ပွား

ပန်းဆေးပြည်သူ့စစ်နှင့် တအာင်းတပ် ပစ်ခတ်မှုဖြစ်ပွား

Written By လွင့်မောင်မောင် on Monday, April 20, 2015 | 11:00 PM



 ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ ပန်းဆေးပြည်သူ့စစ်အဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်းပလောင်တပ်တို့ကြား ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ပန်းဆေးပြည်သူ့စစ်ဘက်က သေဆုံးဒဏ်ရာရမှုရှိခဲ့ပါတယ်။

နမ့်ခမ်း-နမ့်ဖတ်ကာသွား တောင်ပေါ်လမ်းအပိုင်း ၁၂ မိုင်ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချမှုတွေရှိကြောင်း သတင်းရတဲ့အတွက် တီအန်အယ်လ်အေ တအာင်းတပ်ဘက်က သွားရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ တီအန်အယ်လ်အေ နိုင်ငံခြားရေးဌာနမှူး တာ့ပန်လက ဒီဗွီဘီကို ပြောပါတယ်။

“မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးတဲ့နေရာမှာ နာမည်ကြီးတဲ့ ၁၂ မိုင်ရွာက ပြည်သူ့စစ်စခန်း တစ်ခုကို ကျနော်တို့ ဘက်က သွားတိုက်တာဖြစ်ပါတယ်။ ဧပြီလ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်မှာပါ။ သူတို့ကလည်း ပြန်ပြီးခုခံတဲ့အတွက် တဘက်နဲ့တဘက် နာရီဝက်လောက် တိုက်ပွဲငယ်လေးဖြစ် သွားတယ်။ သူတို့က ခုခံရင်းနဲ့ ပစ်ပြီးထွက်ပြေးတယ်။ ၄ – ၅ ဦး ကျသွားတယ်လို့ သတင်းပို့ ထားပါတယ်။ ကျနော်တို့ဘက်ကတော့ ကျဆုံးသူမရှိပါဘူး။ သူတို့ဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်။”

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းမဲ (၁) ပိဿာ၊ ၊ စိတ်ကြွဆေးပြား ၁၄၂,၀၀၀ ဆပ်ပြာ ခွက်ထဲ ထည့်ထားတဲ့ ဘိန်းဖြူ ၁ ခွက် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၅၀ ကျော် နဲ့အတူ လက်ကိုင်စကားပြောစက် ၁ လုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိတယ်လို့ ပလောင်တပ်ဖွဲ့က ပြောပါတယ်။

အစိုးရပြန်ကြားရေးကတော့ တအာင်းတပ်ဖွဲ့က အင်အား ၁၅ ဦးလောက်ဟာ အရပ်ဝတ်နဲ့ မော်တော်ယာဉ် ၃ စီးနဲ့ ၁၂ မိုင် စခန်းအနီးသို့ ရောက်လာပြီး ကျေးရွာ မင်္ဂလာဆောင်အိမ်က သတို့သားနဲ့ ရွာသားတွေကို ခေါ်ဆောင်ကာ ပန်ဆေး ပြည်သူ့စစ်အဖွဲ့ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပန်ဆေး ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင် ၁ ဦး နဲ့ အရပ်သူ ၁ ဦး သေဆုံးပြီး အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သတင်းမှာရေးပါတယ်။

နမ့်ခမ်းမြို့နယ်က ဒေသခံတစ်ဦးကတော့ တအာင်းတပ်ဖွဲ့က ကား ၄ စီးနဲ့ ၁၂ မိုင်ရွာကို တက်သွားပြီး နေအိမ်တစ်လုံးကို ၀င်ပစ်တဲ့အတွက် အိမ်ရှင်အဖွားကြီး တစ်ဦးအပါ အ၀င် လူ ၅ ဦးသေဆုံးသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးကျော်မြင့် ဦးဆောင်တဲ့ ပန်းဆေးပြည်သူ့စစ်တွေဟာ နမ့်ဖတ်ကာ-နမ့်ခမ်း တောင်ပေါ် ကားလမ်းပိုင်းကို မနေ့ ညနေပိုင်းကစပြီး သွားလာခွင့်ပိတ်ပင်ထားခဲ့တယ်လို့ ပလောင်တပ်ဖွဲ့က ပြောပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template