Headlines News :
Home » , » နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈ ဘီလီယံကျော် မြန်မာရရှိ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈ ဘီလီယံကျော် မြန်မာရရှိ

Written By Live100 on Wednesday, April 22, 2015 | 10:56 PM

Total ရတနာ ကမ်းလွန် သဘောဝ ထုတ်လုပ်ရေးလုပ်ငန်း  
Total ရတနာ ကမ်းလွန် သဘောဝ ထုတ်လုပ်ရေးလုပ်ငန်း

မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပမာဏဟာ မနှစ်ကထက် နှစ်ဆတိုးပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ထိ ရရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနက တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။
မတ်လကုန်မှာ ပြီးဆုံးတဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားကုမ္ပဏီတွေရဲ့ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုပမာဏဟာ စုစုပေါင်း ကန်ဒေါ်လာ ၈ ဒသမ ၀၁ ဘီလီယံကျော် ထိရှိလာတယ်လို့ ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေထဲမှာတော့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ၃ ဒသမ ၂၂ ဘီလီယံ နဲ့ အများဆုံး ဖြစ်ပြီး လမ်းပန်းသယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ၁ ဒသမ ၆၈ ဘီလီယံ၊ ကုန်ထုတ်လုပ်မှုမှာ ၁ ဒသမ ၅ ဘီလီယံနဲ့ တတိယ အများဆုံးဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းမှာတော့ ဒေါ်လာသန်း ၇၈၀ ကျော်ရပြီး ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းမှာတော့ ၃၅၈ သန်းလောက် ရင်းနှီးမြှုပ်နှံတယ်လို့ဆိုပါတယ်။
လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)
လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ – ရိုက်တာ)

စိုက်ပျိုးရေးမှာ ဒေါ်လာ သန်း ၄၀ နီးပါးလာရောက်ရင်းနှီးမြှုပ်နှံကြပြီး၊ မွေးမြူရေးနဲ့ရေလုပ်ငန်းမှာ ၂၆ ဒသမ ၈ သန်းနဲ့ သတ္တုတွင်း လုပ်ငန်းမှာ ၆ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံကြပါတယ်။
ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ရရှိခဲ့တဲ့ ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် ထက် ၂ ဆလောက်တိုးလာတာလည်းဖြစ်ပါတယ်။
၁၉၈၈ ကတည်းက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထိ မြန်မာနိုင်ငံမှာ ခွင့်ပြုထားတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းကတော့ ကန်ဒေါ်လာ ၅၄ ဒသမ ၂၃၆ ဘီလီယံ ကျော်ရှိတာပါ။
၂၀၁၀-၁၁ ဘဏ္ဍာနှစ်ဟာ ကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါးနဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးရခဲ့တဲ့နှစ်ဖြစ်ပြီး ၂၀၀၂-၀၃ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ ၈၇ သန်းနီးပါးပဲရခဲ့တဲ့ အနည်းဆုံးနှစ်ဖြစ်ပါတယ်။
လက်ရှိနိုင်ငံတွင်းမှာ နိုင်ငံပေါင်း ၃၈ နိုင်ငံက နိုင်ငံခြားကုမ္ပဏီလုပ်ငန်းပေါင်း ၉၀၀ နီးပါး ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားရာမှာ တရုတ်က ၁၄ ဒသမ ၇ ဘီလီယံနဲ့ အများဆုံး ဖြစ်ပါတယ်။
သူ့နောက်မှာ ထိုင်းက ၁၀ဒသမ ၂ ဘီလီယံ နဲ့ ဒုတိယ၊ စင်ကာပူက ၈သမ ၈ ဘီလီယံ နဲ့တတိယရှိပြီး ဟောင်ကောင်၊ ယူကေ၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ဗီယက်နမ် စတာတွေ အစဉ်လိုက်အသီးသီး ရပ်တည်နေပါတယ်။
 DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template