Headlines News :
Home » » အသက် ၁၂၂ နှစ်အရွယ် ဗီယက်နမ်အဖွားအို ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရ

အသက် ၁၂၂ နှစ်အရွယ် ဗီယက်နမ်အဖွားအို ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရ

Written By Live100 on Friday, April 24, 2015 | 5:43 PM

Nguyen Thi Tru ကို အသက် ၇၂ နှစ်အရွယ်ရှိသားအငယ်ဆုံးနဲ့ တွေ့ရစဉ် (Photo: Vietkings)
Nguyen Thi Tru ကို အသက် ၇၂ နှစ်အရွယ်ရှိသားအငယ်ဆုံးနဲ့ တွေ့ရစဉ် (Photo: Vietkings)

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ နေထိုင်တဲ့ အသက် ၁၂၂ နှစ်အရွယ် Nguyen Thi Tru (ငုယင်သီတရု) ဟာ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးဖြစ်ကြောင်း စိစစ်ပြီးစီးပြီလို့ ဟောင်ကောင်အခြေစိုက် the World Records Association က ကြေညာပါတယ်။
လာမယ့် ဇွန်လကျရင် ဗီယက်နမ် အဖွားအိုဆီသွားရောက်ပြီး အသိအမှတ်ပြု လက်မှတ်အပ်သွားမယ်လို့ အဲဒီအဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောဆိုချက်ကို ဗီယက်နမ် သတင်းစဉ် Thanh Nien News က ဖော်ပြပါတယ်။ အဖွားအိုကို ၁၈၉၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိ မြို့တော်ဆင်ခြေဖုန်းမှာ နေထိုင်နေပါတယ်။
ဗီယက်နိုင်ငံနိုင်ငံထုတ် Vietkings မှတ်တမ်းစာအုပ်အရ အဖွားအိုဟာ ဗီယက်နမ်နိုင်ငံရဲ့ အသက်ကြီးဆုံးအဖြစ် ဖော်ပြခံထားရသူဖြစ်ပါတယ်။
သူနှစ်ခြိုက်တဲ့ အစားအစာကတော့ အုတ်ဂျုံယာဂုနဲ့ ၀က်သား၊ နွားနို့နဲ့ အချိုပွဲဖြစ်တယ်လို့ဆိုပါတယ်။ အဖွားအိုရဲ့ မိသားစုတွေအဆိုအရ အဖျာအနာမရှိသလို ဆေးရုံတက်ဖူးခြင်းမရှိဘူးလို့ဆိုပါတယ်။
WRA က ကနဦးပိုင်းက ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသမီးအဖြစ် အတည်ပြုခဲ့သူဟာ ဂျပန်နိုင်ငံသူ Misao Okawa ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template