Headlines News :
Home » » ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် အစိုးရတပ်မတော်ယာဉ်မတော်တဆဖြစ်၊ ၁၈ ဦးသေဆုံး

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင် အစိုးရတပ်မတော်ယာဉ်မတော်တဆဖြစ်၊ ၁၈ ဦးသေဆုံး

Written By Live100 on Wednesday, April 22, 2015 | 10:49 PM

 အစိုးရတပ် စစ်ကြောင်းကားများ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Military)
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့နယ်ထဲမှာ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက တပ်မတော်ယာဉ်တန်းက ကားတစ်စီး မတော်တဆထိခိုက်မှုဖြစ်ပွားပြီး ၁၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားပါတယ်။
ကျိုင်းတုံမြို့နယ် လွယ်မွေဘက်ကနေလာတဲ့ အဲဒီအစိုးရယာဉ်တန်းဟာ မိုင်းပျဉ်းမြို့နယ် ပန်ပေါင်းရွာ နဲ့ ဟိုနားကျောင်းရွာကြား တောင်ပေါ်လမ်း မှာ မတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးသူ နဲ့ လူနာတွေ ဆေးရုံကိုရောက်လာတယ်လို့ မိုင်းပြင်းဆေးရုံတာဝန်ကျ ၀န်ထမ်းတစ်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။
“သေဆုံးသူ ၁၈ ဦးနဲ့ လူနာ ၃ ဦး မနေ့ညနေက ဆေးရုံကိုရောက်လာပါတယ်။ အကုန်လုံး အစိုးရတပ်ကချည်းပါပဲ၊ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေလဲပါတယ်လို့ပြောတယ်၊ နာမည်တွေ ရာထူးတွေတော့ အတိအကျမသိရပါဘူးရှင့် ၊ ဒဏ်ရာရသူ ၃ ဦးက ဒဏ်ရာပြင်းလို့ ကျိုင်းတုံဆေးရုံကို လွှဲလိုက်ပြီး သေဆုံးသူတွေကိုတော့ မနက်ဖြန် သဂြိုဟ်မယ်လို့ ပြောပါတယ်။”
ယာဉ်မတော်တဆဖြစ်ပွားရတဲ့အကြောင်းရင်းကို မသိရပေမယ့်လည်း ကားဟာချောက်နက်ထဲကို ပြုတ်ကျသွားတာဖြစ်ပြီး အဲဒီအချိန်က မိုင်းပြင်းမှာ မိုးရောလေပါ တိုက်ခတ်နေတယ်လို့ ဆေးရုံဝန်ထမ်းက ပြောသွားပါတယ်။

နန်းမြနဒီ DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template