Headlines News :
Home » » မူဆယ်ရှိ မြ၀တီဘဏ် သေနတ်ဖြင့် (၄၄)ချက် ပစ်ခံရ

မူဆယ်ရှိ မြ၀တီဘဏ် သေနတ်ဖြင့် (၄၄)ချက် ပစ်ခံရ

Written By Live100 on Saturday, April 25, 2015 | 10:18 PM

 
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြ၀တီဘဏ်ကို အမည်မသိ သေနတ်သမား(၂)ဦးမှ လက်နက်ဖြင့် (၄၄)ချက် ပစ်ခတ်သွားမှု ယနေ့ ဧပြီလ(၂၅)ရက် နံနက်(၄)နာရီဝန်းကျင် မူဆယ်မြို့မရဲစခန်းမှ သိရသည်။

“နံနက်(၄)နာရီ ပတ်ဝန်းကျင်မှာ လူနှစ်ဦးက လက်နက်တွေနဲ့ ပစ်ခတ်သွားတာပါ အမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းဆဲဖြစ်ပါတယ်..”ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်အောင်လင်းထွန်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့ မြ၀တီဘဏ်အား နံနက်အချိန်တွင် လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ၀င်ရောက်၍ လက်နက်ဖြင့် (၄၄)ချက် ပစ်ခတ်သွားခြင်းဖြစ်ပြီး၊ တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ အမှုအား ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း နှင့် အမှုနှင့် ပတ်သက်၍ အထက်သို့ ဆက်လက် တင်ပြထားကြောင်းအပြင် မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်သွားခြင်းအား မသိကြောင်း ၎င်းထံမှ သိရသည်။

“ဘယ်အဖွဲ့မှန်းတော့မသိဘူး သေနတ်နဲ့ လာပစ်သွားတာ ဘဏ်ဓါးပြတိုက်တဲ့ ပုံစံလဲမဟုတ်ဘူး ခြိမ်းခြောက်တဲ့ပုံစံဘဲ၊ ဒီနေ့က ဘဏ်ပိတ်ရက်လည်း ဖြစ်နေသလို ဒီလို ကိစ္စတွေက ဒီဒေသမှာ ဖြစ်လေ့ရှိတာမို့ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး..”ဟု မူဆယ်မြို့ ဒေသခံတစ်ဦးမှပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦ မှန်များကွဲကာ နံရံများတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှလည်း မူဆယ်မြို့ရှိဘဏ်များသို့ ဆက်ကြေးတောင်းသည့် စာများအား လွန်ခဲ့သော မတ်လအတွင်းက ပို့ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သတင်း။ ။ ‪ဇက်‬(Z)
ဓါတ်ပုံ။ ။ အင်တာနက်
‎TachileikNewsAgency‬
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template