Headlines News :
Home » » အိန္ဒိယတွင် လယ်သမားအရေးတောင်းဆို ဆန္ဒပြပွဲအတွင်း လယ်သမားတဦး ကြိုးဆွဲချသေဆုံး

အိန္ဒိယတွင် လယ်သမားအရေးတောင်းဆို ဆန္ဒပြပွဲအတွင်း လယ်သမားတဦး ကြိုးဆွဲချသေဆုံး

Written By Live100 on Friday, April 24, 2015 | 5:46 PM

 ကြိုးဆွဲချသေဆုံးသည့် လယ်သမား ဈာပန ပို့ဆောင်စဉ်
 ကြိုးဆွဲချသေဆုံးသည့် လယ်သမား ဈာပန ပို့ဆောင်စဉ်

အိန္ဒိယနိုင်ငံမှာ လယ်သမားအရေး တောင်းဆိုဆန္ဒပြပွဲအတွင်း လယ်သမားတဦး ကြိုးဆွဲချ သေဆုံးမှု ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က မြို့တော် နယူးဒေလီမှာ ဖြစ်ပွားခဲ့ပါတယ်။
မြို့တော်အုပ်ချုပ်ရေးမှူး ကာဂျရီဝလ်က ၀န်ကြီးချုပ် နာရင်းဒရာ မိုဒီရဲ့ အငြင်းပွားဖွယ် မြေယာပိုင်ဆိုင်မှု ဥပဒေကြမ်းကို ဆန့်ကျင်ဟောပြောပွဲအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဘ၀အကျပ်အတည်းဆိုက်နေတဲ့ ရာဂ်ျစတန်ပြည်နယ်က လယ်သမားတဦးက သစ်ပင်ပေါ် တက်ပြီး အဆုံးစီရင်ခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ တရားဟောပွဲတွေမှာ လူတွေဟာ သစ်ပင်တွေပေါ် တက်ပြီး အားပေးကြတာကြောင့် သူကို လူတွေက သတိမထားဖြစ်ခဲ့တာပါ။
၁၉၉၅ ခုနှစ် နောက်ပိုင်း ဆင်းရဲကျပ်တည်းတဲ့ အိန္ဒိယလယ်သမား ၃ သိန်းကျော် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဧပြီ ၂၃ ရက်နေ့က မိမိကိုယ်ကို သတ်သေသွားတဲ့ လယ်သမားရဲ့ အသုဘ အခမ်းအနားကို သူရဲ့ ဇာတိမြေမှာပဲ ပြုလုပ်ခဲ့ပြီး သမီးဖြစ်သူက ဆန္ဒပြပွဲ ကျင်းပခဲ့တဲ့ အတိုက်အခံ အေအေပီပါတီအဖွဲ့ဝင်တွေကို အပြစ်တင်ခဲ့ပါတယ်။
အဲဒီလယ်သမားသေဆုံးခဲ့အပြီး အိန္ဒိယနိုင်ငံရေးသမားတွေအကြား ပြစ်တင်ဝေဖန်မှုတွေ လည်း ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီရဲ့ မြေယာပိုင်ဆိုင်မှုဥပဒေဟာ လယ်သမားတွေဘ၀ကို ပိုမို ကျပ်တည်းစေမယ်လို့ အတိုက်အခံပါတီတွေက ဝေဖန်နေကြပြီး အိန္ဒိယအစိုးရကတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်စေမယ့်အစီအစဉ်လို့ ပြောဆိုပါတယ်။
အဲဒီဥပဒေကြမ်းကို အိန္ဒိယအောက်လွှတ်တော်က အတည်ပြုထားပြီး ဖြစ်ပေမယ့် အထက်လွှတ်တော်ကတော့ အတည်မပြုရသေးပါဘူး။
ကွယ်လွန်သွားတဲ့ လယ်သမားကြီးမှာ ကလေး ၃ ဦးရှိပြီး ပြီးခဲ့တဲ့နှစ် ရာသီဥတုကြောင့် ကောက်ပဲသီးနှံတွေ ဆုံးရှုံးခဲ့တဲ့အတွက် အိမ်ကနေ နှင်ချခံရတယ်လို့ စာတိုတကြောင်း ရေးသား ထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template