Headlines News :
Home » , » ရခိုင်ဒေသသတင်းများစုစည်းမှု(သတင်း၃ပုဒ်)

ရခိုင်ဒေသသတင်းများစုစည်းမှု(သတင်း၃ပုဒ်)

Written By လွင့်မောင်မောင် on Monday, June 25, 2012 | 8:36 PM

ဘင်္ဂလီများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော် ဂွမြို့တွင် ဖမ်းဆီးမိ  (နိရဉ္စရာ)
                                            ဂွမြို့မှ တံတားကို မြင်ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ) 
 ဘင်္ဂလီ လူမျိုးများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိသည်ဟု သတင်း  ရရှိသည်။

သူတို့မှာ မည်သို့ မည်ပုံ  ဂွကျွန်းသို့ ရောက်ရှိလာသည်ကို အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ တာဝန်ရှိ အာဏာပိုင်တွေက အခုလို ဖမ်းမိတယ်ဆိုတာ အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ခုလို အခြေအနေမျိုးမှာ သူတို့ ဘာကြောင့် ဒီကျွန်းကို လာကြသလဲဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် ဒီကိစ္စ အမြန်ဆုံး လူသိရှင်ကြား ဖေါ်ထုတ်ပေးဖို့ ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို စာရေး  တောင်းဆိုထားပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ပြီးနောက် ဂွမြို့နယ်တွင် တစ်စုံတစ်ရာ ပြဿနာများ  မပေါ်ပေါက်ရအောင် မြို့ပေါ်နေ ပြည်သူများ၊ အစိုးရ ၀န်ထမ်းများဖြင့် ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို လူပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သို့အတွက် ဒေသခံ ဂွမြို့နယ်တွင် နေထိုင်သူများက ဂွကျွန်းပေါ်တွင် ရောက်ရှိလာသူ ဘင်္ဂလီများ အကြောင်းကို မြို့နယ် လူထု သိရှိအောင် သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စာရေး တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

“  သူတို့အထဲက ၄ ယောက်ပါ အုပ်စု တစ်စုဟာ ဂွကျွန်းအနီးက ရွှေယချိုင်ကျေးရွာကို ဇွန်လ ၂၂ ရက်နေ့က ၀င်လာတယ်။ ၂၃ ရက်နေ့မှာ ၅ ယောက်ပါ အုပ်စု တစ်စု နောက်ထပ် ၀င်လာတယ်။ အားလုံးကို ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေလည်း အသုတ်လိုက်ခွဲပြီး ၀င်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မြို့နယ် အတွင်းက လူတွေ စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဘင်္ဂလီများ ဂွမြို့နယ်တွင် ဖမ်းဆီးမိသည်ဆိုသော သတင်း အပေါ် အတည်ပြုနိုင်ရန် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ သူတို့ လူပေါင်း ၁၃၀ ပါတယ်လို့ ပြောတယ်။ ဒီလ ၂၀  နေ့က ကျွန်းပေါ်ကို ရောက်လာတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ မလေးရှားကို သွားတာ လှေပျက်ပြီး ဂွကျွန်းကို ရောက်လာတယ်လို့ ဒီလိုဘဲ ကြားပါတယ်။ အခုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ လူများတော့ ဂွမြို့ပေါ်ကို မခေါ်လာနိုင်သေးဘဲ အဲဒီ ကျွန်းပေါ်မှာဘဲ ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

တခြားရဲစခန်းမှူး တစ်ဦးကလည်း အဆိုပါ သတင်းကို သူကြားသိရကြောင်း သို့သော်လည်း တစ်ခြားနေရာ တစ်ခုသို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိနေ၍ အသေးစိတ် မသိရှိရသေးကြောင်း  ပြောကြားသည်။

နိရဉ္စရာမှ တယ်လီဖုံးမှ တဆင့်  ဂွမြို့နယ် ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို သူတို့ မရရှိသေးကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

နိရဉ္စရာ
****************************************************************************

ရခိုင် ဆူပူမူကြောင့် ဘင်္ဂလာ ဒေခ်ျ့တွင် သောင်တင်နေသူ မြန်မာ စီးပွားရေး သမား ၄၄ ဦးကို ပြန်ပို့

ရခိုင်ပြည် နယ်တွင် ပေါ်ပေါက် ခဲ့သော ဆူပူအ ကြမ်းဖက်မူ များကြောင့် မြန်မာ ဘက်ကို မပြန်နိုင်ဘဲ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံတွင် သောင်တင်နေသူ မြန်မာနိုင်ငံမှ စီးပွားရေးသမား ၄၄ ဦးကို ဇွန်လ ၂၄ ရက်နေ့က တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီး ကြပ်ရေးဌာနမှ သောင်တင်နေသော မြန်မာ စီးပွားရေးသမား ၄၄ ဦးကို တရားဝင်ပြန်လည် ပို့ဆောင် လိုက်ခြင်း ဖြစ်ကြောင်း  တက်ကနက် ဆိပ်ကမ်း ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် အာဘဒူလ် ကာဒဲလ်ကတ်က ဒေသခံ သတင်းထောက်များသို့ ပြောသည်။

“ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက စီးပွားရေး သမား ၂၆ဦး၊ တခြား ရိုးရိုး အလုပ်သမား ၁၈ ဦး စုစုပေါင်း ၄၄ ဦးကို တရားဝင် မြန်မာသို့ ပို့ပေးလိုက်ပါတယ်။ နောက်ထပ် စီးပွားရေးသမား ၂၂၇ ဦးကိုလည်း ပြန်ပို့ပေးဖို့ရှိနေတယ်” ဟု သူက ပြောသည်။

အဆိုပါ စီးပွားရေး သမားများမှာ ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှု မဖြစ်ခင်ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ရောက်ရှိသူများဖြစ်ကြောင်း၊ ရခိုင်တွင် ပဋိပက္ခ မတည်ငြိမ်မှုကြောင့် အိမ်မပြန်နိုင်ဘဲ သောင်တင်နေကြခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ယခုအခါ မြန်မာအစိုးရနှင့် ညိုနှိုင်းပြီး ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီးကြပ်ရေး ဌာနမှ စိစစ်ပြီး ပြန်ပို့နေခြင်း ဖြစ် ကြောင်း သူက ပြောကြားသည်။

ရခိုင် ဆူပူမှုကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ စီးပွားရေးသမား ၁၀၀ ကျော် မြန်မာဘက်တွင် ပိတ်မိနေခဲ့ပြီး ယခုအခါ အများစု ပြန်လာကြပြီ ဖြစ်သော်လည်း နောက်ထပ်  ၄ဦးမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တရားဝင် ၀င်ရောက် လာခြင်းမရှိသေးကြောင်း သိရသည်။ သို့သော်လည်း တခြားလမ်း တခုခုမှ ၀င်ရောက်လာနိုင်ကြောင်း ၄င်းပုဂ္ဂိုလ် ကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ငြိမ်သက်မှုမရှိသေး သည့်အတွက် နယ်စပ် ကုန်သွယ်ရေးမှာ ယခုအချိန်ထိ ရပ်တန့်နေပြီး ဘင်္ဂလားဒေ့ခ်ျ- မြန်မာ နယ်စပ် စီးပွား ရေးကို အကြီးအကျယ် ထိခိုက်နေကြောင်း သိရသည်။

ထွန်းထွန်း-နိရဉ္စရာ@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
  ကူတောင် ကျေးရွာ တွင် ရခိုင် တိုင်းရင် သား များ အားသတ်ဖြတ် ခဲ့ သည့် တစ်ဖက် နိုင်ငံ မှ မွတ်ဆလင် အကြမ်းဖက် အဖွဲ့  အစည်းများနှင့် အဆက် အသွယ် ရှိ သည့် ဘင်္ဂါလီ ရိုဟင်ဂျာများကိုဖမ်းမိ
Freedom News Group(Burma)


ရသေ့ တောင် ကူတောင် ကျေးရွာ တွင် ရခိုင် တိုင်းရင် သား များ အားသတ်
ဖြတ် ခဲ့ သည့် တစ်ဖက် နိုင်ငံ မှ မွတ်ဆလင် အကြမ်းဖက် အဖွဲ့  အစည်းများ
နှင့် အဆက် အသွယ် ရှိ သည့် ဘင်္ဂါလီ ရိုဟင်ဂျာများ ကို ဓည၀တီ သင်္ဘော ပေါ် မှ ဖမ်းဆီး လာစဉ်
Photo : Thiha
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template