Headlines News :
Home » » ဒေါ်လာရောင်းသူထက် ဝယ်သူအထူးများပြား

ဒေါ်လာရောင်းသူထက် ဝယ်သူအထူးများပြား

Written By လွင့်မောင်မောင် on Sunday, June 24, 2012 | 1:27 AM



မြန်မာအစိုးရက ဒေါ်လာဈေးတက်လာရန် ပြုလုပ်နိုင်သည့် နည်းလမ်းများစွာရှိကြောင်း တရားဝင် ထုတ်ဖော်ပြောကြားထားပြီး နောက်ပိုင်း ဗဟိုဘဏ်က မူဝါဒအပြောင်းအလဲများဖြင့် ဒေါ်လာဈေးကို ပုံမှန်နီးပါး ရောက်ရှိလာစေရန် ကြိုးပမ်းနေမှုများကြောင့် ရန်ကုန်ဒေါ်လာဈေးကွက်တွင် ဝယ်ယူစုဆောင်းထားသူ များပြီး ရောင်းသူနည်းပါးနေကြောင်း ရွှေဘုံသာအခြေစိုက် ပြင်ပဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းပို့ကုန် လုပ်ငန်းရှင်များသည် ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့်တွင် ရှိမှသာ အမြတ်ရှိနိုင်သဖြင့် အစိုးရဒေါ်လာဈေး တက်လာစေရန် ပြုလုပ်ခြင်းဖြစ်ပြီး ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်နေသည့် ဒေါ်လာဈေးနှုန်းများ တဖြည်းဖြည်း တက်လာသည်ကို ယခုရက်ပိုင်း တွေ့မြင်ရသည်။ ငွေလဲကောင်တာများတွင် ဇွန်၂၁ ရက်နေ့၌ အမေရိကန်ဒေါ်လာဝယ်ဈေး ၈၅၀၊ ရောင်းဈေး ၈၆၀ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး ၈၆၃ကျပ် ၊ FEC ၈၆၄ ကျပ်နှင့် ပို့ကုန်ရငွေမှာ ၈၆၀ တွင်ရှိနေကြောင်း ပို့ကုန်ရငွေဈေးကွက်နှင့် ဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မိုးရာသီတွင် ပို့ကုန်၊ သွင်းကုန်း လုပ်ငန်းများ အေးနေသဖြင့် ပို့ကုန်ရငွေမှာ အရောင်းအဝယ်အေးလျက်ရှိပြီး လာမည့် အပတ်တွင်လည်း အစိုးရမှ မူဝါဒအသစ်များ ထပ်ထွက်လာပါက ဈေးနှုန်းတည်ငြိမ်နေနိုင်မည်ဖြစ်ကြောင်း ပို့ကုန်ရငွေ ဈေးကွက်ကျွမ်းကျင်သူ ဦးစန်းဝင်းက ပြောကြားသည်။ ဒေါ်လာဈေးများ တက်သည့်နည်းတူ ယင်းနှင့် ချိတ်ဆက်လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ထူးခြားစွာ လိုက်ပါမြင့်တက်ခြင်းမရှိဘဲ ယခုရက်ပိုင်းတွင် ကျပ် ၇၂၀,၀၀၀ ကျော်တစ်ဝိုက်တွင်သာ ရှိနေကြောင်း ရွှေဘုံသာလမ်းရှိ ရွှေအရောင်းအဝယ် ပြုလုပ်နေသူများက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template