တနသာၤရီ တိုင်းဒေသကြီး ၊မြိတ်မြို့နယ်၊ ကလွင် ကျေးရွာ အုပ်စု၊ရပ်/ကျေး
ရုံးဖွင့်လှစ်ခြင်း အခမ်းအနားအား24.6.2012 ရက်နေ့၊နေ့လည် 1နာရီ အချိန်တွင်
ဖွင့်လှစ်ခဲ့ပါသည်။
၎င်းရုံးဖွင့်ပွဲကိုတနသာင်္ရီတိုင်းကျွန်းစုမြို့နယ်လွှတ်တော်အမတ်ဒေါ်တင်တင်ရီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တနသာင်္ရီတိုင်းညီလာခံကျင်းပရေးကော်မတီမှဦးသန်းထွန်း၊
ကလွင်ကျေးရွာရပ်မိရပ်ဖများ၊ကျေးရွာနေပြည်သူများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကလွင်ကျေးရွာအုပ်စုမှပါတီဝင်များ၊စုစုပေါင်း၄၀၀ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတင်ခြင်း၊ကျွန်းစုမြို့နယ်လွှတ်တော်
အမတ်ဒေါ်တင်တင်ရီနှင့်ကလွင်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးနီတိုးတို့မှ ဆိုင်းဘုတ်တင်ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနသာင်္ရီတိုင်းညီလာခံကျင်းပရေးကော်မတီမ၀င်ဦးသန်းထွန်းမှရပ်/ကျေးရုံးဖွင့်လှစ်ရ
သည့်ရည်ရွယ်ချက်များကိုပြောကြားခြင်း၊တို့အားပြုလုပ်ပြီးအခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။
ထိုနောက်အခမ်းအနားကိုတက်ရောက်လာသူများအားရေခဲမုန့်၊ကိတ်မုန့်နှင့်ရွှေရင်အေးတို့အားကျေးမွေးပြီး
အခမ်းအနားကိုနေ့လည်၂နာရီခွဲခန့်တွင်ရုတ်သိမ်းခဲ့ပါသည်။