Headlines News :
Home » , » ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဟုပြော-

ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဟုပြော-

Written By လွင့်မောင်မောင် on Monday, September 17, 2012 | 10:34 AM

ကြားခဲ့သည်။


တနင်္ဂနွေနေ့  စက်တင်ဘာလ ၁၆ရက် ၂၀၁၂ခုနှစ် သတင်း -BurmeseHearts | မြန်မာ့သတင်း

၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြော။


ဖြစ်ပွားခဲ့သည့်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူငါးဦးမှာ နေအိမ်အပေါ်ထပ် လှေကားထိပ်၊ အိပ်ခန်းကုတင်ပေါ်နှင့် ကုတင်ဘေးဝဲယာတို့၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

ဦးစောကြည်ဖ(ဘ) ဦးခွန်ပန်းစိန်သည် ယာလက်ကောက်ဝတ် ကျည်ဆန်ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက် ဖောက်ဝင်ဒဏ်ရာ၊ အသက်၅၈နှစ်ရှိ ဒေါ်စန်းစန်းမြင့်(ဘ) ဦးမြမောင်သည် ၀ဲဘက်နားနောက်နှင့် ၀ဲမျက် ခုံးအောက်ကျည်ဆန် ၀င်ထွက်ဒဏ်ရာ၊ ယာနားထင်ရှေ့ သေနတ်ဒဏ်ရာ၊ အသက် ၃၆ နှစ်ရှိ မမြစန္ဒာ(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ်ကျည်ဖောက် ၀င်ဒဏ်ရာ၊ အသက်၂၇ နှစ်ရှိ မနှင်းပွင့်အေး(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာ၊ အသက် ၁၅ နှစ်ရှိ မအယ်ဖောသည် ၀ဲဘက်နား ထင်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၆-၃-၂၀၀၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဖော်ပြချက်အရ သိရပြီး အဆိုပါနေအိမ်ကို စစ်ဆေးရာ မီးခံသေတ္တာထဲမှ စိန်ရွှေရတနာပစ္စည်း ၂၂ မျိုး၊ တန်ဖိုးကျပ်သိန်း နှစ်ထောင်ခန့်နှင့် ငွေကျပ်သိန်း ၁၅၀ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါအမှုကို ကမာရွတ်ရဲစခန်း (ပ) ၆၅/၂၀၀၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template