မနက်ဖြန် ကျနော့်ကို လည်း အာမခံမယ့် နှစ်ဦးကိုခေါ်လာပါတဲ့။ စောစော အလုပ်ပြီးအောင် လို့တဲ့။ ဟုတ်ကဲ့ ကျနော် ခေါ်ခဲ့ပါမယ် လို့ ပြောလိုက်ပါတယ်။
ကျနော် ခေါ်သွားမယ့် အာမခံသူ နှစ်ဦးက စာအုပ်တချို့နဲ့ စောင် တထည်ပါ။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်။
(ငြိမ်းချမ်းရေးချီတက်ပွဲတွ
ဓာတ်ပုံ- ဥက္ကာကိုကို
REF: ဥက္ကာကိုကို (Senior Reporter at 7Day News Journal)
*********************************************************************************************
U Win Cho
ကျနော့်ကို ဒီနေ့ ရဲစခန်း (၅)ခုက ဆင့်ခေါ်စာတွေရောက်ပါတယ်။ ကျောက်တံတား၊ပုဇွန်တောင် ၊
ဗိုလ်တထောင်၊မင်္ဂလာတောင်ညွန့်၊နဲ့တာမွေ ရဲစခန်း စုစုပေါင်း(၅)ခုပါ။ အကြောင်းပြချက်က မနေ့က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ပွဲမှာ ခွင့် ပြုချက်မရဘဲ ဆောင်ရွက်ခဲ့တဲ့အတွက်လို့ ဆိုပါတယ်။
အရင် အမှုဖွင့် စစ်ဆေးနေတဲ့ လှိုင်သာယာ နဲ့ ပေါင်းရင် ရဲစခန်း(၆)ခုက
အမှုဖွင့်ထားသော ဦးဝင်းချို ဖြစ်သွားပါတယ်။
ဖြစ်ရပ်အမှန်က မနေ့ကပွဲကို ဦးစီးကျင်းပတာ ကွန်ယက် (၂၁) ခုက လူငယ်တွေ စုပေါင်းပြီး စီစဉ်ကြတာ။ သူတို့ရဲ့ သဘောထားကြေငြာချက်ထဲမှာ ကွန်ယက်တွေရဲ့ အမည်ကိုပါ ထည့်သွင်းကြေငြာထားခဲ့ပြီးသား။ မနေ့ကပွဲမှာ ဦးစီးတဲ့ လူငယ်တွေက ဆန္ဒပြတဲ့ အတွေ့ အကြုံ များတဲ့ ကျနော့်ကို စည်းကမ်းထိန်းသိမ်းပေးဘို့ အကူအညီတောင်းတာ။ ကျနော်ကလည်း ကျနော့်(လိုအဖိုးကြီး)ကို ချစ်ချစ်ခင်ခင် အကူအညီတောင်းတော့မှ တော့ ဘယ်နေနိုင်ပါ့မလဲဗျာ။
အပြေးရောက်ပြီးသား။လူငယ်လေးတွေဦးစီးတာဖြစ်ပေမဲ့ ရည်ရွယ်ချက်လည်းကောင်းတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မဖေါက်ဖျက်ဘူး။ နိုင်ငံရဲ့  လိုအပ်ချက်(ငြိမ်းချမ်းရေး)အတွက် ဖြစ်တယ်။
ကျနော် ငြင်းစရာအကြောင်းမှ မရှိတာ။ မနေ့က ကျနော် ပွဲ အစ၊အဆုံး ကူညီခဲ့ပါတယ်။
ဒိနေ့ ကျနော့်ကို ရဲစခန်းတွေက ဆင့်ခေါ်တယ်။ ကျေနပ်ပါတယ်။ ကျနော့်ကို
ချစ်ခင်လေးစားစွာ ပူးပေါင်းပါဝင်ဘို့ ဖိတ်ခေါ်တဲ့ လူငယ်တွေနဲ့ တစ်သားတည်းဘဲ ရှိမယ်။ အမှန်တော့ကျနော်တို့ အားလုံးမှာ အပြစ်မရှိပါဘူး သူတို့ကို အပြစ်ပေးခဲ့ရင် ကျနော်လည်း သူတို့နဲ့အတူ တာဝန်ရှိတယ် လို့သဘောထားမယ်။သူတို့လိုဘဲ တူညီတဲ့ အပြစ်ကို ခံယူမယ်လို့ဘဲ ဆုံးဖြတ်ထားပါတယ်။ ကျနော့်ရဲ့ သဘောထားပါဘဲ။
(နိုင်ငံသားတို့ရဲ့ မူလ အခွင့်အရေးကို ကန့်သတ်ပြီဆိုရင် ...ကျိန်းသေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်နေပြီ).........
.....ဦးဝင်းချို (တစ်သီးပုဂ္ဂလ) ဖုံး ၀၉-၇၃၂၀၆၈၃၈