Headlines News :
Home » » ပါကိစ္စတန် ရွှေးကောက်ပွဲ ဘင်္ဂလီ သိန်းပေါင်း (၂၀) မဲပေးပိုင်ခွင့်မရ

ပါကိစ္စတန် ရွှေးကောက်ပွဲ ဘင်္ဂလီ သိန်းပေါင်း (၂၀) မဲပေးပိုင်ခွင့်မရ

Written By လွင့်မောင်မောင် on Monday, May 13, 2013 | 2:27 PM

မေလ ၁၁ ရက် စနေနေ့က ပြုလုပ်ခဲ့သော ပါကိစ္စတန် နိုင်ငံ အထွေထွေ ရွှေးကောက်ပွဲတွင် နိုင်ငံ အတွင်း နေထိုင်သော ဘင်္ဂလီ လူမျိုး သိန်းပေါင်း (၂၀) ခန့် မဲပေးပိုင်ခွင့် မရရှိခဲ့ကြောင်း သိရသည်။
election_2008 
Bengalis Deprived of Voting Rights ခေါင်းစည်းဖြင့် ရေးသားထားသော သတင်းအား ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ယနေ့ ဖေါ်ပြရာ အဆိုပါ သတင်းတွင်  ထိုသို့ ဘင်္ဂလီ လူမျိုး သိန်းပေါင်း (၂၀) ခန့် မဲပိုင်ခွင့် မရရှိခဲ့ကြောင်း ဆိုသည်။
ယခုကဲ့သို့ မဲပေးပိုင်ခွင့် မရရှိခဲ့ခြင်းမှာ အဆိုပါ လူပေါင်း သိန်း (၂၀) အား ပါကိစ္စတန် နိုင်ငံသား အဖြစ် အသိအမှတ် မပြုရာမှ ရွှေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင်  ရေးသားသည်။
ပါကိစ္စတန် နိုင်ငံ၏  ၁၉၅၁  ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေအရ  ၁၉၇၁ ခုနှစ် ဒီဇင်္ဘာလ ၁၆ ရက်နေ့ မတိုင်မီ ပါကိစ္စတန်နိုင်ငံတွင် နေထိုင်သူများကိုသာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လာရောက်နေထိုင်သူများကို နိုင်ငံသား အဖြစ် အသိအမှတ် မပြုကြောင်း သတင်းက ဆိုသည်။
သို့သော်လည်း အဆိုပါ နိုင်ငံသား ဖြစ်မူဆိုင်ရာ ပါကိစ္စတန်၏ ဥပဒေမှာ အငြင်းပွားဖွယ်ရာ အချက်အလက်များ ပေါ်ပေါက်လာပြီး ၁၉၇၁ ခုနှစ် ဒီဇင်္ဘာလ အတွင်း ပါကိစ္စတန်နိုင်ငံ ကရာချိမြို့သို့ ပြောင်းရွှေ့နေထိုင်သူများကိုလည်း နိုင်ငံသား အဖြစ် အသိအမှတ် မပြုဘဲထားကြောင်း သတင်းက ရေးသားသည်။
ပါကိစ္စတန်နိုင်ငံတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၄၂ နှစ်ရှိနေပြီ ဖြစ်သော်လည်း နိုင်ငံသား အဖြစ် အသိအမှတ်ပြု မခံရဘဲ သူတို့အား ယခု အချိန်ထိ နိုင်ငံခြားသား အဖြစ် သတ်မှတ်ထားသည်ဟု ပြောသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template