Headlines News :
Home » » မဟာဆန်(Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန်ထုတ်ပြန်ချက်။

မဟာဆန်(Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန်ထုတ်ပြန်ချက်။

Written By လွင့်မောင်မောင် on Sunday, May 12, 2013 | 1:53 PM


 

 


 
(၁၂-၅-၂၀၁၃)ရက် နံနက် (၃း၃၀)နာရီအချိန် JTWC (USA) ရဲ့ NWP ခန့်မှန်းချက် အရ မေလ (၁၂)ရက်နေ့ နံနက်အစောပိုင်းကြီးအထိ Mahasen (ခပ်လွယ်လွယ် မဟာဆန်သူ လို့ ခေါ်ကြ ရအောင်ဗျာ) ဟာ မြန်မာနိုင်ငံနဲ့ဝေးရာဖက်ဖြစ်တဲ့ အနောက်မြောက်ဖက်ကို တစ်နာရီ (၁၁) မိုင် နှုန်း နဲ့ သွားနေတုံးပါဘဲ။ အမှန်တော့ ၀ိုက်တော့မယ့်သဘောဘဲ။ မော်တော်ကား စကားပြောရရင် U Turn လုပ်တော့မယ်။

အဲဒီနောက် မေလ(၁၃)ရက်နေ့ နံနက်အစောပိုင်း ကြီးအထိ အသွားနှုန်းတွေ လျော့လာမယ်။ ဒါဟာ ကွေ့တော့မယ် လက္ခဏာပါဘဲဗျာ။ အဲ…မေလ(၁၃)ရက်နေ့လယ်ပိုင်းမှာ စကွေ့ပါပြီ။ မြောက်အရှေ့ယွန်းယွန်း(NNE) ကိုပါ။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဖက်ဆီကိုပါ။ ပထမတော့ မေလ(၁၃-၁၄) နှစ်ရက်လုံး တစ်နာရီင်္ (ဂ-၉) မိုင် နှုန်းလောက်နဲ့ပါဘဲ။ အဲ..မေလ(၁၅)ရက် နံနက် အစောကြီးကစပြီး ဂီယာကြီးထိုးပြီး အရှေ့မြောက်ဖက်ကိုလာမယ်လို့ ခန့်မှန်းရပါသဗျ။ လေတိုက်နှုန်းတစ်နာရီ မိုင်(၁၀၀)နှုန်းလောက်နဲ့ ချီတက်လာမှာဖြစ်ပါတယ်။ မုန်တိုင်းအရွယ်ကလည်း အချင်းဝက် မိုင်(၁၂၀)လောက်ရှိနေနိုင်ပါပြီ။

ဒီ မဟာဆန်သူရဲ့ အရှေ့မြောက်ခရီးစဉ်ရဲ့ ရှေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတို့တွေကတော့ target တွေပေါ့ဗျာ။ ဘယ်ဘက် ပိုသွား မလည်းဆိုတာကတော့ မဟာဆန်သူရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်းဗျာ။ လောလော ဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန်နီးချင်းကောင်းပီသစွာနဲ့ သူ့ပိုင်နက် စစ်တကောင်းမြို့ အနီးကို လာဖို့ ဗီဇာထုတ်ပေးလိုက်ပါပြီ။ ကျန်တာကတော့ ကံဇာတ်ဆရာစီမံရာအတိုင်းပါဘဲ။

ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင်(၁၀၀-၁၁၀)ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ ပေးနိုင်တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက်လာနေမှာဖြစ်ပါတယ်။

Dr. Tun Lwin (MCCW)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template