ဇွန်လ ၁ ရက်နေ့ကစတင်ပြီး ကောက်ခံမယ့် မိုဘိုင်းဖုန်းသုံးစွဲသူတွေထံက
ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ယူမယ့် အစီအစဉ်ကို ၁
နှစ်ဆိုင်းထားဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ
ဆုံးဖြတ်လိုက်ပါတယ်။
ဖုန်းအသုံးပြုရင် ပေးရမယ့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း
ဆိုင်းငံ့ထားဖို့နဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအပေါ်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့
နည်းပညာ ၀န်ကြီးဌာန ၀န်ကြီးနဲ့ ဒုတိယ၀န်ကြီးတို့
လာရောက်ရှင်းလင်းခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောဆန္ဒအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဆိုင်းငံ့ထားဖို့ အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
By ဒီဗွီဘီ