




သံကျော်ရွာတွင် ကုလသမဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ်ဗီဂျေး နမ်ဘီးယား ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ မြန်မာနိုင်ငံ
ဆိုင်ရာ ကုလသမဂဆိုင်ရာ ညှိနှိုင်းရေးမှူးမစ်ရီနားတား ၊UNOCHA ၊UNHCR
အကြီးအကဲများ အပါအ၀င်နိုင်ငံတကာမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ သတင်းမီဒီယာများ သွားရောက် တွေ.ဆုံ မေးမြန်းစစ်ဆေးခဲ့ကြရာ ၊ “ သူတို့သည် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ဘင်္ဂလီများဖြစ်ပြီး ၊ ဘင်္ဂလာဒေရှ် ကမ်းခြေမှ ထွက်ခွာလာတာ ၃ လ နှင့် ၁၂ ရက် ရှိပြီဖြစ်ကြောင်း ၊ ဘင်္ဂလာဒေ့ရှ် သို့ အမြန်ပြန်ပို့ပေးစေလိုကြောင်း “ ထိန်းသိမ်း
ကယ်တင်ထားခဲ့ရသူ ဘင်္ဂလီဒုက္ခ သည်များမှ ဖြေကြားခဲ့ကြောင်း သိရှိရပါသည် ။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ “ ရခိုင်လူမျိုးများ နှင့်အစိုးရသည် အနောက်နိုင်ငံ မီဒီယာများ
စွပ်စွဲသလို အစွန်းရောက်သည့် လူ့အခွင့်ရေး ချိုးဖောက်သူများမဟုတ်ဘဲ ဘယ်နိုင်ငံသား
ကိုမဆို ဒုက္ခရောက်လျင် အကြင်နာတရားနှင့် အကူညီပေးတတ်သူများဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ကြောင်း နှင့် ဤလှေစီးဒုက္ခသည်များ၏ ဆန္ဒအတိုင်း
ဘင်္ဂလာဒေ့ရှ်သို့ အမြန်ဆုံး ပို့ပေးမည်ဖြစ်ကြောင်း ၊ ဤလှေစီးဒုက္ခသည်များအတွက် မည်သူပင်တောင်းဆို မည်သို့ပင်ဖြစ်စေ မြန်မာပြည်ထဲတွင် ဒုက္ခသည်စခန်း ဖွင့်ပေး
မည် မဟုတ်ကြောင်း ပြောကြား “ သွားခဲ့ပါသည်။
ထို.နောက် သွားရောက်တွေ.ဆုံခဲ့ကြသည့် ကုလသမဂဆိုင်ရာနှင့် နိုင်ငံတကာ တာဝန်
ရှိသူ အကြီး အကဲများက ရခိုင်လူမျိုး ၊ ပြည်ထောင်စု/ပြည်နယ်အစိုးရ အား ကျေးဇူး
တင်ပါကြောင်း ပြောကြား သွားခဲ့ကြောင်း သိရပါသည် ။ အတူလိုက်ပါလာသော ဘင်္ဂလာရှေ့ကောင်စစ်ဝန်မှတော့ တစ်စုံ တစ်ရာတုန်.ပြန်ဖြေရှင်းခြင်းမရှိပဲ ခပ်ငူငူ ၊ ခပ်မှိုင်မှိုင်သာ ထိုင်နေသည်ကိုတွေ.ခဲ့ရကြောင်း သိရှိ ခဲ့ရပါသည်။
သတင်း-Kyaw Swar Myint ( Tomorrow )
ဓါတ်ပုံ-Than Tun Than.