Headlines News :
Home » , , » ထိုင်း - မြန်မာနယ်စပ်တွင် ငလျင်နှစ်ခါလှုပ်သွား

ထိုင်း - မြန်မာနယ်စပ်တွင် ငလျင်နှစ်ခါလှုပ်သွား

Written By လွင့်မောင်မောင် on Sunday, May 24, 2015 | 5:49 PM



ယနေ့ ၂၀၁၅ခုနှစ် မေလ(၂၄)ရက် နေ့လည်ပိုင်းက ထိုင်း - မြန်မာနယ်စပ်တွင် ငလျင်နှစ်ခါလှုပ်သွားပြီး မြန်မာဘက်တွင် လှုပ်ခတ်သွားသည့် ငလျင်အင်အားမှာ (၅.၁) ရစ်ခ်ျတာစကေးရှိကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။


မေလ(၂၄)ရက် နေ့လည်(၁၂း၅၈)နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ချင်းရိုင်းခရိုင်အတွင်း ငလျင်အင်အား (၁.၆) ရစ်ခ်ျတာစကေးရှိ အသေးစား ငလျင်တစ်ခုလှုပ်သွားခဲ့ပြီးနောက် တာချီလိတ်မြို့သို့ အဖျားခတ်လှုပ်သွားခဲ့သည်။

နေ့လည်(၁၃း၀၀)နာရီဝန်းကျင်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းဆတ်မြို့ နှင့် မိုင်းတုံမြို့အကြား ငလျင်အင်အား (၅.၁) ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၂၂)ရက်နေ့က မကွေးတိုင်းဒေသကြီး အတွင်းရှိ မြိုင်မြို့တွင်လည်း ငလျင်အင်အား (၃.၅) ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာနမှ သိရှိရသည်။
တာချီလိတ် News Agency
http://www.tachileik.net/2015/05/eq.html
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template