Headlines News :
Home » » UWSA ၀ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပရန် မသေချာ

UWSA ၀ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပရန် မသေချာ

Written By Live100 on Saturday, May 30, 2015 | 11:05 PM



မေလ ၃၀ ရက် ၂၀၁၅

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံသားစီစစ်ရေးကတ်ပြား ( မှတ်ပုံတင်) ရရှိထားသူ အလွန်နည်းပါး နေသဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ လက်ခံ ကျင်းပရန် အခက်ခဲများရှိနေ ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP မှ ပါတီပြောခွင့်ရ ဦးအောင်မြင့်က ပြောသည်။

‘ ရွေးကောက်ပွဲအတွက် ကျန်တော်တို့ ၀ ဒေသမှာက မှတ်ပုံတင်ရှိတဲ့ လူဦးရေက နည်းနည်း လေးပဲ ရှိတယ်။ ရွေးကောက်ပွဲ ကျင်းပရင် ဘယ်လို မဲသွားပေးကြမလဲ ။ မဲပေးဖို့အခက်ခဲရှိတော့ ရွေး ကောက် ပွဲလုပ်ဖို့လည်း အခက်ခဲရှိတယ်။ ‘ ဟု ဦးအောင်မြင့်က ပြောသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှာ အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည်မှာ ၂၅ နှစ်တာ ကာလ သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယင်း ၂၅ နှစ်တာကာလအတွင်း တွင် လူဦးရေ ၆ သိန်းအနက် ထောင် ဂဏန်းခန့်သာ နိုင်ငံသားစီစစ်ရေး ကတ်ပြားလက်ဝယ်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

‘ ၂၀၁၀ နီးတုန်းကလည်း တခါလာလုပ်ပေးတယ် မဲပေးနိုင်ဖို့ ဆိုပြီး ။ အဲဒီနောက်ပိုင်းတော့ အခြေနေတွေအရ မလုပ်နိုင်တော့ဘူး။ ဆက်ဆံရေး လည်း ပြတ်သွားတာကိုး ။ ဒီနှစ်မှာ အဖြူကတ်တွေ ကို ပြန်လှဲပေးထားတာ နဲ့ဆို စုစုပေါင်းလိုက်ရင် ပန်းရောင်ကတ်ရထားတာက ၆ ထောင် ကျော်ေ ကျာ်လောက်ပဲ ရှိသေးတယ် အခု ရွေးကောက်ပွဲက သိပ်မလိုတော့ဘူး မှီပါ့ဦးမလား ‘ ဟု ဦးအောင်မြင့်က မေးခွန်းထုတ်သည်။

ဝ ဒေသနေ ပြည်သူများ နိုင်ငံသားစီစစ်ရေး ကတ်ပြားရရှိရန်အတွက် အစိုး ရနှင့် ၀ တပ်ဖွဲ့ တို့အကြား နှစ်ဖက် ဆက်ဆံမှုများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၂ ခုနစ်လောက်မှစ၍ အစိုးရထံ တင်ပြခဲ့ပြီး ၂၀၁၄ က ပြုလုပ်ခဲ့ေ သာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို ၀ ဒေသတွင် ပြုလုပ် နိုင်ခဲ့သည်။

၁၉၉၀ ပြည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးေ ကာက် ပွဲများမှာမူ ၀ ဒေသတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

၂၀၀၈ အခြေခံ ဥပဒေပါပြဌာန်းချက်များအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ဒေသတွင် မြို့နယ် ၆ မြို့နယ် နှင့် ခရိုင် ၂ မြို့နယ်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွက် ၁၂ ဦး ၊ ပြည်သူ့လွှတ်တော် အတွက် ၆ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၂ ဦး အထိ တင်မြှောက် ခွင့်ရှိပါသည်။

၂၀၁၀ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကြောင့် ၀ ဒေသတွင် အစိုးရ ဘက်မှ ရွေးချယ်ထား သူများ ပါသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်းထားနိုင်ခြင်း မရှိသော်လည်း ၄င်းတို့ဘာသာ ဖွဲ့စည်းထားသည့် ပြည်နယ်အစိုးရရှိနေသည်။

လာမည့် နိုဝင်ဘာလတွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်း အတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စစ်မက်ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများတွင်ပါ ကျင်းပသွားနိုင်ရန် ကြိုးစား ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဌ ဦးတင်အေးက ထုတ်ဖော်ပြော ဆိုခဲ့သည်။

‘ ၀ အနေနဲ့ အခုအနေထားက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အချုပ်အခြာ အာဏာ ပြင်ပမှာ ရှိနေဆဲပဲ။ သူ့အနေနဲ့ ပြည်နယ်လည်းတောင်း ထားတာဆိုတော့ အချုပ်အခြာ အာဏာထဲမှာ ရှိနေခွင့် အတွက် ဆိုရင် ပြည်နယ်ပေးမှ အပြန်လှန်အားဖြင့် ရွေးကောက်ပွဲတို့ အစိုးရ အုပ်ချုပ်ရေး ယန္တရားတို့ကို ခွင့်ပြုဖွယ်ရှိနေတယ် ‘ ဟု နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက မှတ်ချက်ပြုသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကျန်တိုင်းရင်းသား ဒေသတော်တော်များများမှာ အာဏာခွဲဝေမှု ၊ ဥပဒေပြုရေး ၊ သယံဇာတ အရင်းအမြစ်ခွဲဝေမှုတို့နှင့် ပတ်သက်၍ အနည်းငယ် ( သို့မဟုတ် ) လုံးဝ မရရှိ ခြင်းများ ရှိသော် လည်း ၀ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်စီမံခန့်ခွဲခွင့်ရှိသော ဒေသအဖြစ် ရပ်တည် နေပြီး အစိုးရဌာနအချို့ အနေဖြင့်လည်း ၂၀၁၃ ခုနစ်နှောင်းပိုင်းမှသာ ၀ ဒေသတွင်ပြန်လည် ခြေချခွင့် ရရှိခဲ့သည်။

‘ ကျနော်တို့က မှတ်ပုံတင်တွေ သိပ်မရှိလို့ ရွေးကောက်ပွဲမလုပ်နိုင်လည်း ရွေးကောက်ပွဲအနိုင်ရလို့ ဘယ်အစိုး ရတက်တက် ကိုယ့်အစိုးရအဖြစ် လက်ခံအသိမှတ်ပြုသွားဖို့တော့ ရှိနေပါတယ်။’ ဟုလည်း ၀ ဒေသခေါင်းဆောင်များ၏ မူဝါဒနှင့် ပတ်သက်၍လည်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ရှင်းပြသည်။

စိုင်းထွန်းအောင်လွင်
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template