Headlines News :
Home » » အိမ်ဖြူတော်တွင် ကျင်းပသောဗုဒ္ဓဘာသာ ခေါင်းဆောင်များ ထိပ်သီးညီလာခံတွင် နိုင်ငံတကာ မီဒီယာများမှ ဗုဒ္ဓဘာသာ ရဟန်းတော်များအပေါ် မှေးမှိန်အောင် ရေးသားဖေါ်ပြနေခြင်းကို တညီတညွတ်တည်း ပြစ်တင်ရှုတ်ချ

အိမ်ဖြူတော်တွင် ကျင်းပသောဗုဒ္ဓဘာသာ ခေါင်းဆောင်များ ထိပ်သီးညီလာခံတွင် နိုင်ငံတကာ မီဒီယာများမှ ဗုဒ္ဓဘာသာ ရဟန်းတော်များအပေါ် မှေးမှိန်အောင် ရေးသားဖေါ်ပြနေခြင်းကို တညီတညွတ်တည်း ပြစ်တင်ရှုတ်ချ

Written By လွင့်မောင်မောင် on Sunday, May 24, 2015 | 5:27 PM

Buddhist-con-3

အမေရိကန် သမ္မတ အိမ်ဖြူတော်တွင် ပထမ ဆုံးအကြိမ် ကျင်းပ ပြုလုပ်သော ဗုဒ္ဓဘာသာခေါင်းဆောင်များ ထိပ်သီးညီလာခံမှ နိုင်ငံတကာ မီဒီယာများမှ ဗုဒ္ဓဘာသာ ရဟန်းတော်များအပေါ် မှေးမှိန်အောင် ရေးသားဖေါ်ပြနေခြင်းကို တညီတညွတ်တည်း ပြစ်တင်ရှုတ်ချလိုက်သည်ဟု သတင်း ရရှိသည်။
ဗုဒ္ဓဘာသာခေါင်းဆောင်များ နှင့် ဗုဒ္ဓဘာသာကို လေ့လာလိုက်စားသူပညာရှင်များ ၁၃၀ ကျော်တို့ အား အိမ်ဖြူတော်သို့ ဖိတ်ကြား၍ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို ၂၀၁၅ ခုနှစ် မေလ ၁၄ ရက်နေ့က  ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုညီလာခံသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အမေရိကန်အခြေစိုက် ဗုဒ္ဓသာသနာပြုအဖွဲ့ မှဒေါက်တာအရှင်နာယက လည်း တက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားကို အိမ်ဖြူတော်မှ တာဝန်ရှိသူများ State department မှ တာဝန်ရှိသူများ၊နှင့် ဘာသာရေးနှင့် ငြိမ်းချမ်းရေးဌာနမှ တာဝန်ရှိသူများသူများတက်ရောက်ပြီး ဟောပြေဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အခမ်းအနားမစတင်မှီ ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာကို ကိုယ်စားပြုသော ရဟန်းတော်များမှ မိမိတို့၏ ဘာသာဓလေ့ ထုံးတမ်းစဉ်လာ ဂါထာများကို ရွက်ဖက်ကာ အခန်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
ဤအခမ်းအနားသည် အမေရိကန်ပြည်ထောင်စု သမ္မတအိမ်ဖြူတော်တွင် ပထမဆုံးပြုလုပ်သော ဗုဒ္ဓဘာသာနှင့် ပတ်သက်သော နေ့ရက် တစ်နေ့လည်းဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနား မတိုင်မှီ ဂျော့ဝါရှင်တန် တက္ကသိုလ် (George Washington University) တွင်လည်း မနက် ၈း ၀၀ နာရီမှ နေ့လည် ၁၂း၀၀ အထိ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
Buddist-Con-5
သမတ အိမ်ဖြူတော် ဗုဒ္ဓဘာသာ ညီလာခံ၌ မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သည့် ဘာသာရေးအဓိကရုန်းနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် ကမ္ဘာ့ဗုဒ္ဓဘာသာခေါင်းများမှ  နိုင်ငံတကာ မီဒီယာများအနေဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ အပေါ် မှေးမှိန်အောင် ရေးသားဖေါ်ပြနေခြင်းကို ကမ္ဘာရဟန်းတော်များမှ တညီတညွတ်တည်း ပြစ်တင် ရှုတ်ချလိုက်ကြသည်ဟု သိရသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သည့်  အမေရိကန် အခြေစိုက် ဗုဒ္ဓသာသာနာပြုအဖွဲ့မှ ဒေါက်တာ အရှင်နာယက မှ  “ ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် ပတိပက္ခနှင့်ပတ်သက်၍ အမေရိကန် အစိုးရအနေဖြင့် တဖက်သတ်စကားကိုသာ နားထောင်၍ပြောဆိုနေခြင်းများမှာ မဆီလျော်ကြောင်း ၊ ထို့အပြင် ရခိုင်ပြည် ပတိပက္ခကိုဖြေရှင်းရာတွင် ရခိုင်ပြည်သူများ မပါပဲ ဖြေရှင်း၍မရနိုင်ကြောင်း၊  ယင်းအပြင် လူမှောင်ခိုကူးမှုနှင့်ပတ်သတ်၍လည်း စိုးရိမ်ကြောင်း၊ သို့သော် ဖြစ်ရပ်မှန်ကို လေ့လာရန်လိုအပ်ကြောင်း” ထောက်ပြ ပြောဆိုခဲ့သည်ဟု သိရသည်။
ညီလာခံအပြီးတွင် ကမ္ဘာ့ ဗုဒ္ဓဘာသာခေါင်းဆာင်များမှ ထုန်ပြန်ကြေညာချက်တစောင်ကို ထုတ်ပြန်၍ အမေရိကန် သမ္မတ ထံသို့ တိုက်ရိုက်ပေးပို့ခဲ့ကြောင်း သိရှိရသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template