အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် အကြီးဆုံးမြို့တော်ဘော်ဂါရဲ့ တက္ကဆက်
ပန်ဟန်ဒဲလ် နယ်မြေထဲမှာ မေလ ၂၈ ရက်နေ့က ဓာတုစက်ရုံတရုံကနေ
အဆိပ်သင့်ဓာတ်ငွေ့တွေ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀ ဦးကို
ဆေးရုံတင်လိုက်ရပါတယ်။
ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်က တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း
စိုက်ပျိုးရေးထွက်ကုန်တွေကို ထုတ်လုပ်နေတဲ့ အဲဒီစက်ရုံကနေ ရေပါဝင်မှု
မရှိတဲ့ အမိုးနီးယားဓာတ်ငွေ့တွေက မတော်တဆ ယိုစိမ့်ထွက်လာတာလို့ ဒေသမီဒီယာက
ပြောပါတယ်။
“ထိခိုက်သွားတဲ့ အလုပ်သမားတွေဟာ ကျနော်တို့ လုပ်ငန်းခွင်ရဲ့
မြောက်ဘက်မှာ စက်ရုံဆောက်နေတဲ့နေရာမှာ အလုပ်လုပ်နေကြတာပါ။ အဲဒီအလုပ်ဌာနက
ဘေးကင်းလုံခြုံမှု ရှိပြီးတော့ စုံစမ်းစစ်ဆေးရေး
လုံးဝပြီးဆုံးသွားတဲ့အချိန်ထိ ပိတ်ထားဦးမှာပါ။ ဒါမှ ဘာတွေဖြစ်ခဲ့လဲဆိုတာ
ကျနော်တို့ အတိအကျ သိနိုင်မယ်” လို့ စက်ရုံမန်နေဂျာ ဂင်းလ်ခရေ့ဂ် က
ပြောပါတယ်။
အခု ယိုစိမ့်မှုကို ကန့်သတ် ထိန်းချုပ်ထားလိုက်ပြီး အနီးအနားဝန်းကျင်ကို ဘာအန္တရာယ်မှ မရှိပါဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ဓာတ်ပုံ – ရိုက်တာ
DVB