ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တော်မှာ နှစ်စဉ် ကျင်းပတဲ့ ကာနီဗယ်
ပွဲတော် ဒုတိယနေ့ကို ပါဝင်ဆင်နွှဲဖို့ ကမ္ဘာတ၀န်းက လာရောက်တဲ့ ထောင်နဲ့
ချီတဲ့ လူတွေက လှပတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြီး လမ်းတွေပေါ်ထွက်လာပါတယ်။
ဒီပွဲတော်ကို အီစတာပြီး သီတင်းပတ် ၇ ပတ်မြောက်မှာ နှစ်စဉ် ၃ ရက်ကြာ
ကျင်းပလေ့ရှိပြီး ၀တ်စုံမျိုးစုံ ၀တ်ဆင်ထားတဲ့ ဆင်နွဲသူတွေက မြို့ပေါ်က
လမ်းတွေမှာ လှည့်လည်ကြပါတယ်။
လည့်လည်ရာမှာ လူ ၁ သိန်းခွဲကျော်ပါဝင်ပြီး ကိုပေဟေဂင်မြို့ဟောင်းကနေစတင်
လှည့်လည်ပြီး ခရစ္စတီးယန်းဘောက် နန်းတော်မှာ အဆုံးသတ်ကြတာ ဖြစ်ပါတယ်။
အရင်နှစ်တွေက စတင်လို့ ဒီပွဲတော်ဟာ ဒိန်းမတ်ရဲ့ အကြီးဆုံး
ပွဲတော်ဖြစ်လာပြီး တီးဝိုင်း ၁၂၀ အကသမား ၂၀၀၀နဲ့ ပါဝင်လှည့်လည်သူ ၁
သိန်းနီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။
ပွဲတော်နောက်ဆုံးရက်မှာတော့ ကလေးတွေက စီတန်းလှည့်လည်ကြမှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ (ရိုက်တာ)
VOA