မေလ ၃၀ ရက် ၂၀၁၅
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အစိုးရတပ် နှင့်
တအာင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေကြောင်း သိရပါသည်။
၂၀၁၅ မေလ ၂၈ ရက် နေ့က သိန္နီမြို့နယ် အနောက်မြောက်ဘက် ၁၆ မိုင်အကွာ
လွယ်ဆိုင် ကျေးရွာအုပ်စု အတွင်း မွန်းလွဲ ၂ နာရီခန့်မှ ည ၆ နာရီ အခန့်အထိ
တအာင်းတပ်ဖွဲ့ အား အစိုးရ တပ်က သွားရောက် တိုက်ခိုက်သည်ဟုဆိုသည်။
“အစိုးရဘက်က ကျနော်တို့နေတဲ့တောင်ကုန်းကိုလက်နက်ကြီး တွေနဲ့ ပစ်တယ်။ ၄ နာရီ
တုန်းက တကြိမ် ၆ နာရီကတကြိမ်ပစ်တယ်။ တိုက်လေ ယာဉ်ကြီးတွေနဲ့လဲပစ်တယ်၊
နှစ်ဘက်သေကြေ ဒဏ်ရာရရှိတာတော့ မသိရ သေးဘူ” - ဟု ပြန်ကြား ရေးဌာနမှူး
ဗိုလ်ကြီးတအိုက်ကျော် ကပြောသည်။
ပြီးခဲ့သည့်အပတ်ကတည်းကလည်း နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအနီး
မူးယစ်ဆေးဝါး တိုက် ဖျက်ရေး တအာင်းတပ်ဖွဲ့ နှင့် လားရှိုးအခြေစိုက်
အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာ နမ္မတူမြို့တွင်း သို့ စစ်ပြေး
ဒုက္ခသည် ၃၀၀ ထက်မနည်း ရောက်ရှိခဲ့ပါသည်။
တအာင်း(ပလောင်)တပ်ဖွဲ့ TNLA သည် အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေး
လက်မှတ်မထိုးရသေး သည့်အပြင် တပြည်လုံးငြိမ်းချမ်းရေးလက်မှတ်ရေး
ထိုးပွဲအတွက်ပြင်ဆင်နေသော တိုင်းရင်းသား များ အဖွဲ့ NCCT မှ
နှုတ်ထွက်မည်ဟုလည်းသတင်းများ ထွက်နေပါသည်။
သျှမ်းသံတော်ဆင့်