Headlines News :
Home » » ဖီဖာထိပ်တန်း တာဝန်ရှိသူများကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

ဖီဖာထိပ်တန်း တာဝန်ရှိသူများကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

Written By လွင့်မောင်မောင် on Wednesday, May 27, 2015 | 7:56 PM



ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ထိပ်တန်း တာဝန်ရှိသူတွေကို အကျင့်ပျက်ခြစားမှုနဲ့ ဆွစ်ဇာလန်ရဲတပ်ဖွဲ့က မေလ ၂၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

ဇူးရစ်မြို့မှာရှိတဲ့ ဟိုတယ်တခုမှာ မနက်ပိုင်းအချိန် ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်း ဖမ်းဆီးခဲ့တာလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေပါတယ်။

ဒုဥက္ကဋ္ဌ ဂျက်ဖရေ ၀ပ် အပါအ၀င် ထိပ်တန်း အရှာရှိ ၉  ယောက်တို့ဟာ ဖီဖာ အစည်းအဝေးလုပ်ဖို့ ဟိုတယ်မှာ ရှိနေတုန်း ဖမ်ဆီးတာလို့ ဘီဘီစီ သတင်းမှာ ရေးသားထားပါတယ်။

အဖမ်းခံရတဲ့ ဖီဖာအရာရှိတွေဟာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး လာဘ် ငွေယူခဲ့တယ်လို့ သံသယ ရှိတဲ့အတွက် ဖမ်းဆီးတာလို့ ဆွစ်ဇာလန် ရဲက ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အခု ဖမ်းဆီးမှုကို အမေရိကန် ထောက်လှမ်းရေး FBI ရဲ့ ပံ့ပိုးမှုနဲ့ ဆွစ်ရဲက ဖမ်းဆီးခဲ့တာပါ။ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမယ့် သောကြာနေ့ လုပ်မှာ ဖြစ်ပြီး အဲဒီမတိုင်ခင်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဥက္ကဋ္ဌ ဘလပ်တာကတော့ အဖမ်းခံရတဲ့အထဲမှာ မပါပေမယ့်လည်း ဖီဖာအတွက်တော့ အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

အဖမ်းခံရတဲ့ အထဲမှာ ပါဝင်တဲ့ ဒုဥက္ကဋ္ဌ ၀ပ်ဟာ မြောက်အမေရိက၊ အလယ် အမေရိကနဲ့ ကာရစ်ဘီရန် ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

အခု ဖမ်းဆီးမှုအတွက် FBI နဲ့ အမေရိကန် တရားမျှတရေးဌာနတို့က သတင်းစာ ရှင်းလင်းပွဲ မကြာခင်မှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

 By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template