ဓာတ်ပုံ - independent
ဓာတ်ပုံ - independent
အိန္ဒိယနိုင်ငံမှာ အပူချိန် ၄၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့တဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် လူ ၅၀၀ ကျေ်သေဆုံးပါတယ်။
ဓာတ်ပုံ – independent
အစိုးရကတော့ သေဆုံးသူ စာရင်းကို မထုတ်ပြန်သေးပေမယ့်လည်း လူမှုရေး
အဖွဲ့အစည်းတွေကတော့ သေဆုံးသူအများစုဟာ အိုးမဲ့အိမ်မဲ့သမားတွေလို့ ပြောပါတယ်။
တာလန်ဂါနာနဲ့ အန်ဟာ ပရာဒက်ခ်ျပြည်နယ်တွေမှာတော့ အပူချိန် အမြင့်ဆုံး ဖြစ်ခဲ့ပြီး အရှေ့မြောက်ပိုင်း မြို့တော် အာလာဟာဘတ်မှာတော့ မေ ၂၄ ရက်က အပူချိန် ၄၇ စင်တီဂရိတ်ရှိသလို ဒေလီမှာတော့ ၄၅ စင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။
ဒီပြည်နယ် အရာရှိတွေရဲ့ အဆိုအရ မေ ၂၀ ကနေ ၂၄ ရက်အတွင်း လူ ၄၀၀ ကျော်ဟာ အပူရှပ်ပြီး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အိန္ဒိယ မိုးလေ၀သ ဌာနကတော့ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ်တွေအတွက် အနီရောင် အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားပြီး ရှေ့ရက်ပိုင်းတွေမှာလည်း ဖြစ်နေမယ်လို့ အင်ဒီပန်းဒင့် သတင်းစာက ရေးပါတယ်။
ဒါအပြင် လူတွေကို နေပူမှာ မနေဖို့ ရေများများသောက်ဖို့ အစားအသောက် ကောင်းကောင်းစားဖို့ အကြံပြုထားသလို သန်းချီတဲ့ အိုးအိမ်မဲ့တွေအတွက်တော့ စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။
DVB