ဂျပန်နိုင်ငံတောင်ပိုင်း ကာကိုရှီးမာခရိုင် ခုချီနော့ အဲရဘုကျွန်း
ရှင်ဒခေး (Shindake) မီးတောင် မေလ ၂၉ ရက်နေ့ မနက် ၉ နာရီ ၅၉ မိနစ်က
မီးတောင်ပေါ်က်ကွဲခဲ့ပါတယ်။
မီးခိုးတွေ မီတာ ၉ ထောင်ကျော်အထိ မှုတ်ထုတ်နေတာကြောင့်
လုံခြုံရေးသတိပေးအဆင့် ၅ သတ်မှတ်ကာ အနီးနားရှိ ဒေသခံ အိမ်ထောင်စု ၇၈
စုကို ဂျပန်အစိုးရက ချက်ချင်းဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်တွေကို လမ်းကြောင်းသတိထားဖို့
ကြေညာထားပြီး Shindake မီးတောင်ဟာ ပြီးခဲ့တဲ့နှစ် ၈ လပိုင်းကလည်း
ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်။
ဂျပန်နိုင်ငံမှာ မီးတောင်ရှင် ၁၁၀ ရှိပြီး ၄၇ ခုက ၂၄
နာရီစောင့်ကြည့်နေတဲ့ အဆင့်သတ်မှတ်ထားကာ စောင့်ကြည့် ၄၇ ခုထဲမှာ
ဂျပန်နိုင်ငံရဲ့ အထင်ကရ ဖူဂျီတောင်လည်းပါဝင်ပါတယ်။
နိုင်ငံခြားဧည့်သည်အများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ ဟတ်ကိုနဲ တောင်ကို
မေလဆန်းက စတင်ပြီး စိုးရိမ်မှုသတိပေးအခြေနေသတ်မှတ်သလို နေရာအချို့ကို
အလည်အပတ် ပိတ်ပင်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ၉ လပိုင်းကလည်း တိုကျိုအနောက်ဘက်အရပ်ရှိ အွန်တာခေး မီတောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ၅၇ ဦး သေဆုံးခဲ့ရပါတယ်။
By ဇော်ဇော်လှိုင် (ဒီဗွီဘီ)