


ထားဝယ်မြို့၊ရွှေတောင်စားစေတီတော်မြတ်ကြီး၏ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်မော်ကွန်းအဖြစ် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း ထားရှိရန်
မန္တလေးမြို့တွင် သွန်းလုပ်ခဲ့သည့် မဟာဝိဇယ ခေမသိတလ နိဗုတဃောသမဟာခေါင်းလောင်းတော်ကြီးကို မန္တလေးမြို့မှ အထူးမော်တော်ယာဉ်တန်းဖြင့်သယ်ဆောင်လာရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။အဆိုပါခေါင်း
လောင်းတော်ကြီးကို ထားဝယ်မြို့သူ၊မြို့သားများက စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
၃၀ မေလ ၂၀၁၅