Headlines News :
Home » » ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်

ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်

Written By လွင့်မောင်မောင် on Monday, May 25, 2015 | 11:20 PM





ရှမ်းပြည် မြောက်ပိုင်း လားရှိုး နဲ့ သီပေါ အနီးတဝိုက် ဒေသ တွေ မှာ အခု ရက်ပိုင်း တွေ အတွင်း ပစ်ခတ် တိုက်ခိုက်မှု တွေ တိုးတက် ဖြစ် ပေါ် နေတဲ့ အတွက် ဒေသခံ တွေ ဟာ လုံခြုံရေး အတွက် စိုးရိမ် နေကြ ရပါတယ်။

ရှမ်းပြည် မြောက်ပိုင်း မှာ ကိုးကန့်၊ ကချင်၊ တအာင်း ပလောင် နဲ့ ရှမ်း တိုင်းရင်းသား လက်နက် ကိုင် တပ် ၄ ဖွဲ့ နဲ့ အစိုးရ တပ် အကြား တိုက်ပွဲ တွေ ဖြစ် နေတယ် လို့ ဒေသခံ တွေ က ပြောပါ တယ်။

ဒါ့အပြင် လားရှိုး နဲ့ သီပေါ မြို့နယ် ၂ ခု ရဲ့ နယ်စပ် အနီး မှာ လည်း အမည် မသိ လက်နက်ကိုင် တွေ ရဲ့ လာရောက် ပစ်ခတ် မှု နဲ့ ဒေသ အုပ်ချုပ်ရေး မှုး တစ်ဦး အပြင်း အထန် ဒဏ်ရာ ရ ခဲ့ သလို တချို့ နေရာ တွေ မှာလည်း အလားတူ ပစ်ခတ် မှု တွေ ဖြစ်နေတယ် လို့ လားရှိုး မြို့ ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

လားရှိုး မြို့ ကို ခု ရက်ပိုင်း အတွင်း မှာပဲ ပြည်ထောင်စု လွှတ်တော် ရဲ့ အလှည့်ကျ နာယက သူရ ဦးရွှေမန်း၊ ဒုတိယ သမ္မတ တစ်ဦး ဖြစ်တဲ့ စိုင်းမောက်ခမ်း စတဲ့ အဆင့်မြင့် အာဏာပိုင် ပုဂ္ဂိုလ် တွေ လာရောက် နေတဲ့ အချိန် မှာ ပဲ ဒေသတွင်း မတည်မငြိမ် ဖြစ်မှု တွေ တိုးတက် ပေါ် ပေါက် နေတာ ဖြစ်ပါတယ်။

BBC Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template